HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နေရပ်ပြန် မြန်မာအလုပ်သမားများ မြဝတီချစ်ကြည်ရေးတံတားကြီးမှ ဝင်ရောက်

နေရပ်ပြန် မြန်မာအလုပ်သမားများ မြဝတီချစ်ကြည်ရေးတံတားကြီးမှ ဝင်ရောက်

မြဝတီ၊ ဖေဖော်ဝါရီ ၉ - ကရင် ပြည်နယ်၊ မြဝတီမြို့အမှတ်(၄) ရပ် ကွက် ကျောက်လုံးကြီးလမ်းရှိ ပြန် လည်ကြိုဆိုရေးစခန်းကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ရက်က ပိတ်သိမ်း ခဲ့ပြီး မြဝတီမြို့အမှတ် (၅)ရပ်ကွက် (၉၉၉)ဂိတ်မှ ဆက်လက်ဝင်ရောက် လျက်ရှိရာ မလိုလားအပ်သော ပြ ဿနာများကို မဖြစ်ပေါ်စေရေးအ တွက် မြဝတီနယ်စပ်ဂိတ်ဝ အမှတ် (၁) ချစ်ကြည်ရေးတံတားကြီးမှ ဝင်ရောက်ရန် ၂ဝ၁၉ခုနှစ် ဖေ ဖော်ဝါရီလဆန်းတွင် သက်ဆိုင်ရာ မှ ပြန်လည်လက်ခံခွင့် ပြုခဲ့သဖြင့် ဖေဖော်ဝါရီ ၈ရက်မှစတင်ပြီး နေရပ်ပြန်အလုပ်သမားများ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

''အခုထိုင်းနိုင်ငံက နေရပ်ပြန် လုပ်သမားတွေကို အမှတ်(၁)ချစ် ကြည်ရေးတံတားကြီးကနေ ပြန်လည် ဝင်ရောက်ခွင့်ပြုနေပါပြီ။ သူတို့ကို တစ်ဦးချင်း မှတ်တမ်းကောက်ယူ စိစစ်တာတွေကိုတော့ အရင် ကျောက်လုံးကြီးလမ်းက ပြန်လည် ကြိုဆိုရေးစခန်းမှာပဲ နေရာကျယ် ဝန်းတဲ့အတွက် ဆောင်ရွက်ပေးပါ တယ်။ မှတ်တမ်းတွေ စာရင်းပြုစု စိစစ်ပြီးရင် သူတို့နေရပ်ဒေသတွေ ဆီပြန်ကြမှာဖြစ်ပါတယ်။ တံတား ကြီးမှာတစ်ဦးချင်း စိစစ်မှုတွေလုပ် ရင် ခရီးသွားပြည်သူတွေ ကုန်တင် ကားတွေနဲ့ နေရာအခက်အခဲဖြစ် လို့ အရင်ကြိုဆိုရေးစခန်းမှာ လာ ရောက်ပြုလုပ်တာပါ''ဟု မြဝတီ မြို့နယ် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင် ဝင်းထွန်းက ပြောသည်။

''ကျွန်တော်က မလေးရှား နိုင်ငံကွမ်တန်းမြို့က ကားဝပ်ရှော့ ရုံမှာ လေးနှစ်ကြာအလုပ်လုပ်ခဲ့ပါ တယ်။ လုပ်ခအနေနဲ့ တစ်လကို မလေးရင်းဂစ် ၃၆ဝဝ ရတယ်။ လာတုန်းက ဘာအထောက်အ ထားမှမပါဘဲ လာခဲ့တာကြောင့် အခုအထောက်အထား ပြန်လုပ်ဖို့ ပြန်လာတာပါ။ အထောက်အထား မဲ့နေထိုင်ဖို့ ရေရှည်မဖြစ်တော့ဘူး။ အပြန်ခရီးအတွက်ပွဲစားကို ရင်းဂစ် ၁၂ဝဝပေးရတယ်။ မြဝတီရောက် ဖို့ မလေးရှားကနေ သုံးညအိပ်လာ ခဲ့ရတယ်''ဟု ပဲခူးသို့ပြန်မည့် ကို မင်းမင်းက ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၉ရက် နံ နက် ၁ဝနာရီအချိန်က အမှတ်(၁) ချစ်ကြည်ရေးတံတားကြီးမှ ပြန်ဝင် လာကြသော မြန်မာအလုပ်သမား များမှာ ထိုင်းနှင့်မလေးရှားနိုင်ငံ တို့မှဖြစ်ပြီး အမျိုးသား ၃၃ဝ၊ အမျိုးသမီး ၂၉ဦး၊ စုစုပေါင်း ၃၅၉ ဦးဖြစ်ကာ ဖေဖော်ဝါရီ ၈ရက် နံ နက်ပိုင်းက ၄၄၄ ဦး ဝင်ရောက်ခဲ့ ကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top