HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကလေးလုပ်သားပပျောက်ရေးမှာ ချက်ချင်းမဖြစ်နိုင်၊ လျော့နည်းရေးကို အဓိကထား ဆောင်ရွက်နေ

ကလေးလုပ်သားပပျောက်ရေးမှာ  ချက်ချင်းမဖြစ်နိုင်၊ လျော့နည်းရေးကို  အဓိကထား ဆောင်ရွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ - ကလေးလုပ်သားပပျောက်ရေးမှာချက် ချင်းမဖြစ်နိုင်သော်လည်း လျော့နည်းရေးကို အဓိကထားဆောင်ရွက် နေဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က အထည်ချုပ်ကျွမ်းကျင်လုပ်သားဆုပေး ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြော ခဲ့ခြင်းဖြစ်သည်။

''ကလေးလုပ်သားပပျောက်ရေး လုပ်ဆောင်နေတာဆိုပေမယ့် တချို့မိသားစုတွေက ကလေးတွေရဲ့လုပ်ခကို မှီခိုနေရသူတွေရှိတယ်။ ဒါကြောင့်ချက်ချင်းလုပ်လို့မရဘူး။ ကလေးလုပ်သားပပျောက်လာ​အောင် လျော့နည်းလာအောင် အကောင်းဆုံးထားပြီး လုပ်ဆောင်​ နေပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

တိုင်းပြည်၏စီးပွားရေးအခြေအနေကြောင့် အချို့သောမိသား စုများသည် ကလေးများ၏လုပ်ခလစာကို မှီခိုနေကြရသည့်အတွက် အသက် (၁၄) နှစ်နှင့် အထက်က​လေးများကိုမူ ဆရာဝန်ထောက်ခံ ချက်ဖြင့် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်။

သို့သော် ယခုလနှင့်၊ မတ်လတို့မှစ၍ အထည်ချုပ်လုပ်ငန်းများ တွင် ကလေးလုပ်သားမခန့်အပ်တော့ကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းချုပ်က ပြောသည်။

''ကလေးလုပ်သားကို မခန့်တော့ပါဘူး။ ကျွန်တော့်စက်ရုံက ပြောရရင်တော့ အခုမှမဟုတ်ဘူး အရင်ကတည်းက မခန့်တော့တာ'' ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင်ပြော ထားသည်။

၂ဝ၁၈ ခုနှစ် ပထမသုံးလပတ်တွင် ကောက်ခံထားသည့် လုပ် သားအင်အားစစ်တမ်းအရ အသက် (၅) နှစ်မှ (၁၇) နှစ်အကြားရှိ ကလေးဦးရေ ၁၂ ဒသမ ၄ သန်းရှိကြောင်း၊ အဆိုပါကလေးများအနက် အလုပ်လုပ်ကိုင်နေသော ကလေးဦးရေမှာ ခြောက်သိန်းကျော်ရှိပြီး ကလေးလုပ်သားဦးရေမှာ ၄၂၅ဝဝဝ ခန့် ရှိကြောင်းနှင့် ကလေးလုပ် သားများအနက် လေးသိန်းခန့်သည် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top