HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တာချီလိတ်၌ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်ဆေးရာမှ ထိုင်းနိုင်ငံသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်၌ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်ဆေးရာမှ ထိုင်းနိုင်ငံသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်၊ ဖေဖော်ဝါရီ ၉- ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်မြို့၊ ဆန်ဆိုင်း( )ရပ်ကွက်၊ ---- ဟိုတယ်အနီး သေနတ်ပစ် ခတ်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ မှ ထိုင်းနိုင်ငံသားတစ်ဦးနေထိုင်ရာ မယ်ခေါင်ရပ်ကွက် နေအိမ်လိုင်း ခန်း၌ မူးယစ်ဆေးဝါးများကို ဖေ ဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း( ) ရပ်ကွက်၊ ----ဟိုတယ်ရှေ့လမ်းမ ပေါ်တွင် ဖေဖော်ဝါရီ ၈ရက် ည ၉နာရီက SHN-9I/------ နံပါတ် ပါ MARK X အမျိုးအစား နက် ပြာရောင် မော်တော်ယာဉ်၏ ယာဘက်ဘေးအနီး ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးခဲ့သည့်အမှုနှင့်ပတ် သက်၍ အခင်းဖြစ်နေရာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr.Khwan Jarochaiyakham အား အမှုဖြင့် စစ်ဆေးရာ မယ် ခေါင်ရပ်ကွက်၊ လိုင်းခန်းငှားတစ်ခု တွင် ငှားရမ်းနေထိုင်ကြောင်း ထွက်ဆိုချက်အရ အဆိုပါနေအိမ် အား ဖေဖော်ဝါရီ ၉ရက် နံနက် ၇ နာရီခွဲတွင် ရဲအုပ်ကိုကိုဦးနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်း အိပ်သည့်အိပ်ခန်းအတွင်းမှ ICE ဟု ယူဆရသော အဖြူရောင်ပုံ ဆောင်ခဲ အလေးချိန် ၆ ဒသမ ၅၂ ဂရမ်ခန့် (တစ်ကီလိုလျှင် သိန်း ၂ဝဝ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၃ဝ၄ဝဝ)နှင့် WY စာတန်းပါ လိမ္မော်ရောင်စိတ်ြ<ွကဆေးပြား ခြောက်ပြား၊ အလေးချိန် ဝ ဒသမ ၆ဂရမ်ခန့် (ဒေသတန်ဖိုးငွေကျပ် ၆ဝဝဝ)တို့အားလည်းကောင်း၊ နံ နက် ၁၁နာရီ ၁၅မိနစ်တွင် နယ် ထိန်း ရဲအရာခံကျော်ဇေယျနှင့် အဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပိတောက်လမ်းရှိ၊ စနုကာဆိုင်အား ဝင်ရောက်ရှာဖွေရာ စနုကာဆိုင်အတွင်းရှိ အိပ်ခန်းအတွင်း ထိုင်းနိုင်ငံသား Mr.Auttapol အား အသင့်တွေ့ရှိရသဖြင့် ဆက်လက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ြ<ွကဆေးပြား ၁၈ဝ ပြား အလေးချိန် ၁၈ ဂရမ်ခန့် (ဒေသတန်ဖိုးငွေကျပ် ၁၈ဝဝဝဝ) နှင့် ဖုန်းသုံးလုံးတို့အား ရှာဖွေတွေ့ ရှိခဲ့သည်။
အမှုမှာ မူးယစ်ဆေးဝါးများနှင့် အတူလက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr.Khwan Jarochaiyakham (၂၇)နှစ်၊ ဖီကျစ်မြို့ ထိုင်းနိုင်ငံနေ သူနှင့် Mr.Auttapol (၃၅)နှစ်၊ ဆမ်ဒါလွန်ရပ်ကွက်၊ ဘန်ကောက် မြို့၊ ထိုင်းနိုင်ငံနေသူတို့အား တာ ချီလိတ်မြို့မရဲစခန်းက မယ(ပ) ၁၇/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
ွှ

Rate this item
(0 votes)
YMG

back to top