HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အခကြေးငွေယူပြီး ခရီးသည်တင်ယာဉ်ပေါ် တင်ဆောင် လာသည့် ဘင်္ဂါလီခြောက်ဦးကို ငဖဲတွင် ဖမ်းဆီးရမိ

အခကြေးငွေယူပြီး ခရီးသည်တင်ယာဉ်ပေါ် တင်ဆောင် လာသည့် ဘင်္ဂါလီခြောက်ဦးကို ငဖဲတွင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- မကွေး တိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း အခကြေးငွေယူ၍ ခရီးသည်တင် ယာဉ်ပေါ် တင်ဆောင်လာသော ဘင်္ဂါလီခြောက်ဦးကို ဖမ်းမိပြီး ယာဉ် မောင်းမှာ ခုန်ချထွက်ပြေးသွားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ငဖဲမြို့ နယ် ပျဉ်းဝကျေးရွာအနီး စစ်တွေ- အမ်း-ပဒါန်းကားလမ်း မိုင်တိုင် ၃၇ အနီးရှိ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီခန့်က ရဲတပ်ဖွဲ့မှ ယာဉ်ဝင်/ယာဉ်ထွက်များ စစ်ဆေးနေစဉ် စစ် တွေမှ ရန်ကုန်သို့ မောင်းနှင်လာ သော ''ရိုးမမန္တလာ'' ခရီးသည်တင် Express ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းကျော်စိုးမှာ ယာဉ် ပေါ်ခုန်ချကာ အနီးရှိ တောအတွင်း သို့ ထွက်ပြေးသွားခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းအကူများဖြစ်သည့် ရေ တာရှည်မြို့နယ် မရိုးခုံကျေးရွာနေ ဟန်ဝင်းအောင် (၂၈)နှစ်နှင့် စစ် တွေမြို့ မင်းဂံရပ်ကွက်နေ ညီညီထွန်း (၂၉)နှစ်တို့နှင့်အတူ ယာဉ်ပေါ်ရှိ ထိုင်ခုံအောက်တွင် ပုန်းလျှိုးတင် ဆောင်လာသည့် ဘင်္ဂါလီလူမျိုး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေး ဦးတို့အား ရှာဖွေ့တွေ့ရှိ ဖမ်းမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသည့် ဘင်္ဂါလီများသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သူများဖြစ်ကြောင်း ၎င်းတို့ကို ယာဉ်မောင်းနှင့် ယာဉ်အကူ နှစ်ဦး က အခကြေးငွေယူ၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဒါန်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းမြင့်က ''စုပေါင်းဂိတ်မှာ စစ်ဆေးရှာဖွေရင်း တွေ့တာ။ ယာဉ်မောင်းက ခုန်ချပြေးသွားတယ်။ သတိထားပြီး လုပ်နေကြရင်းနဲ့ ထွက် ပြေးသွားတာ။ ထွက်ပြေးတဲ့တရားခံကို အသည်းအသန် လိုက်ရှာနေတယ်။ မမိသေးဘူး ဖြစ်နေတယ်။ အခကြေးငွေ ဘယ်လောက်နဲ့ သယ် ဆောင်လာလဲဆိုတာလည်း စစ်ဆေး နေတယ်။ ဘင်္ဂါလီတွေကို ကားပေါ် က ထိုင်ခုံအောက်မှာ အကန့်လုပ် ပြီးတော့ ဆာလာအိတ်တွေနဲ့ ဖုံးလာတာ''ဟု ဒီမိုကရေစီတူဒေးသို့ ဖေ ဖော်ဝါရီ ၁ဝ ရက်တွင် ပြောသည်။
ယာဉ်ပေါ်တွင် ခရီးသည် ၁ဝ ဦးလိုက်ပါလာပြီး ၎င်းတို့က ဘင်္ဂါလီများကိုဝှက်ထား၍ မမြင်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ငဖဲမြို့နယ် ပဒါန်းနယ်မြေရဲစခန်းမှ (ပ) ၁၇/၂ဝ၁၉၊ လူခိုးမှုပုဒ်မ-၃၆၇ ဖြင့် ယာဉ်မောင်း ကျော်စိုးပါ သုံးဦးကို အမှုဖွင့်ထားပြီး တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီခြောက်ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ စစ်ဆေး၍ ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ် သည်။

 

 

Rate this item
(0 votes)
YMG

back to top