HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တပို့တွဲလပြည့်နေ့တွင် ဆူးလေစေတီတော်၌ ဘုရားဖူးများကို ထမနဲ လှူဒါန်းမည်

တပို့တွဲလပြည့်နေ့တွင် ဆူးလေစေတီတော်၌ ဘုရားဖူးများကို ထမနဲ လှူဒါန်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

တပို့တွဲလပြည့်နေ့တွင် ''တပို့တွဲလ ထမနဲပွဲ'' ဆိုသည့်အတိုင်း ဆူးလေ စေတီတော်ကြီးသို့ လာရောက်ကြမည့် ဘုရားဖူးများကို ထမနဲများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ယင်းကဲ့သို့ လှူဒါန်းနိုင်ရန် လပြည့်နေ့မတိုင်မီ ထမနဲများကို ဒယ်အိုး ၃ဝ ကျော်ခန့် ထိုးထားမည်ဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူများလည်း လှူဒါန်းနိုင်မည်ဖြစ်သည်။

''လပြည့်နေ့မှာ ဘုရားဖူးတွေကို ဂေါပကအဖွဲ့က ထမနဲတွေဝေမယ်။ ထမနဲဒယ် ၃ဝ ကျော်လောက် ထိုးမယ်။ ဒါက ဂေါပကကထိုးမှာ ပေါ့။ အလှူရှင်တွေကလည်း ထမနဲတစ်ဒယ်၊ နှစ်ဒယ်စသဖြင့်လည်း ပါဝင်လှူဒါန်းနိုင်တယ်။ တစ်ဒယ်ကို ကျပ် ၃ဝဝဝဝ ကျော်လောက်နဲ့ ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်''ဟု ဆူးလေစေတီတော်၏ နာယကအဖွဲ့ဝင် ဦးကျော်ခင်မြင့်ကပြောသည်။ မြန်မာတို့၏ ရိုးရာပွဲတော် များတစ်ခုဖြစ်သော ''တပို့တွဲလ ထမနဲပွဲ'' ဆိုသည့်အတိုင်း ထမနဲ ပွဲအဖြစ် ထမနဲများကိုထိုးပြီး မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆက်ကပ်ခြင်းနှင့် ဘုရားဖူးလာ ပြည်သူများကို ဝေငှခြင်းများဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။


''တပို့တွဲလ ထမနဲပွဲဆိုတဲ့အတိုင်း ထမနဲထိုးပြီး လပြည့်နေ့မှာ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကပ်မယ်။ ဘုရားဖူးတွေကိုဝေမယ်'' ဟု ဂေါပကအဖွဲ့ခေါင်းဆောင် ဦး မောင်မောင်လေးက ပြောသည်။ ထမနဲတစ်ဒယ်လျှင် ကောက်ညှင်းဆန်လေးပြည်၊ အုန်းသီးလေး လုံး(သို့မဟုတ်) ငါးလုံး၊ မြေပဲ၊ နှမ်း နီ၊ နှမ်းနက်တို့ပါဝင်ပြီး ပဲဆီသန့်သန့် အသုံးပြုကာထိုးသွားမည်ဖြစ် ကြောင်း သိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top