HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မန္တလေးမြို့ရှိ နေအိမ်တစ်အိမ်၌ အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံး  

မန္တလေးမြို့ရှိ နေအိမ်တစ်အိမ်၌ အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံး   

မန္တလေး၊ ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃)၊ မဟာနဒီလမ်းရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၁ဝ ရက် ညနေ ၄ နာရီခန့်က အမေရိကန်နိုင်ငံခြားသားတစ်ဦး ရုတ်တရက်သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဒေါနဘွားရပ်ကွက်အကွက်(၁၃)၊ မဟာနဒီလမ်း၊ အိမ်အမှတ်(--)တွင် နိုင်ငံခြားသား တစ်ဦးသေဆုံးနေကြောင်း ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖုန်းဆက် အကြောင်းကြားသဖြင့် အမှတ်(၁)နယ်မြေရဲစခန်းမှူးရဲအုပ် ကမ်အောင်မြင့်နှင့်တပ်ဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ဒေါနဘွားရပ်ကွက်၊ အကွက် (၁၃) မဟာနဒီလမ်း၊ အိမ်အမှတ်(---)ရှိ သမီးဖြစ်သူ Mrs.HAVERSACK ME-GHAN JANE အသက်(၃၆)နှစ်၏နေအိမ်သို့ ဇန်နဝါရီ ၅ရက်က ရောက်ရှိနေထိုင် လျက်ရှိသော အမေရိကန်နိုင်ငံသား Mr.HAVERSACK III FRANK LESLIE သည် ပါးစောင်ကင်ဆာရောဂါဖြစ်ပွားနေသဖြင့် အကိုက်အခဲ ပျောက်ဆေးများ မှီဝဲသုံးစွဲ လျက်ရှိရာမှ ဖေဖော်ဝါရီ ၁ဝရက် ညနေ ၃ နာရီခန့်တွင် နေအိမ်အောက်ထပ်ရှိ အိမ်သာမှအထွက်၌ ပြင်ပဒဏ်ရာများမရှိဘဲ ရုတ်တရက်လဲကျသေဆုံးသွားခြင်းဖြစ်ကြောင်း အတူ နေထိုင်သူသမက်ဖြစ်သူ ကိုကျော်စွာ အသက်(၃၂)နှစ်မှ ပြောပြသဖြင့် သိရသည်။

 

''စခန်းကို အကြောင်းကြား ကြားချင်း သွားရောက်စစ်ဆေးခဲ့တာပါ။ သေဆုံးသူ နိုင်ငံ ခြားသားမှာ ပြင်ပဒဏ်ရာတော့မတွေ့ရှိရဘူး။ ဒါပေမဲ့ ဆေးရုံကြီးမှာ စစ်ဆေးဖို့ ပို့ဆောင်ထားတယ်''ဟု အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  သေဆုံးသူအမေရိကန်နိုင်ငံခြားသားအနီးရှိ သမံတလင်းပေါ်တွင် EQUATE တံဆိပ်ပါအကိုက် အခဲပျောက်ဆေးဘူး(ဆေးပြားမပါ)တစ်ဘူးနှင့် KLIRE အကိုက်အခဲ ပျောက်ဆေးကတ်နှစ်ကတ်အချို့ကို တွေ့ရှိခဲ့ရပြီး သေဆုံးသူအလောင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသား ရုတ်တရက် သေဆုံးမှုအပေါ် အမှတ် (၁)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂ဝ၁၉)ဖြင့် အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

MTK

#democracytoday

Rate this item
(0 votes)
back to top