HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တွံတေးမြို့ရှိ ကျူးကျော်ဈေးရောင်းချသူများ သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက အရေးယူမည်

တွံတေးမြို့ရှိ ကျူးကျော်ဈေးရောင်းချသူများ သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

တွံတေးမြို့ရှိ ကျူးကျော်ဈေးရောင်းချသူ များအနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက် နောက်ဆုံးထားဖယ်ရှားခြင်း မရှိပါကအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုးကပြောကြားသည်။ ဖေဖော်ဝါရီ ၁၁ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ ကျော်ဇင်ဦး၏ တွံတေးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်မှုရှိစေရန် မြို့နယ်စည်ပင် နယ်နိမိတ်အတွင်းရှိ ရေမြောင်းများ၊ပလက်ဖောင်းများပေါ်တွင် အခိုင်အမာဆောက်လုပ်ထားသောဈေးဆိုင်များ၊ အမိုး အဖီအစိတ်အပိုင်းများကိုရှင်းလင်း ဖယ်ရှားပေးရန်၊ ကျူးကျော်ဈေးသည်များနှင့် ပျံကျဈေးသည်များ အား စည်းကမ်းဥပဒေနှင့်အညီ စနစ်တကျရောင်းချစေရန် စီမံ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ တော်ဝန်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃ဝ ရက်ကပြုလုပ်သည့် စီမံကိန်းရေးဆွဲရေးနှင့် အ ကောင်အထည်ဖော်ရေးအစည်းအဝေးတွင် ကျူးကျော်အဆောက် အအုံများဈေးဆိုင်ခန်းများရှင်းလင်းရေးကော်မတီအား ဖွဲ့စည်းခဲ့ ကြောင်းသိရသည်။ ''ကော်မတီဖွဲ့စည်းပြီးဒါကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ပြီး အစည်းအဝေးဆုံး ဖြတ်ချက်အရ ကျူးကျော်အ ဆောက်အအုံတွေ၊ကျူးကျော်ဈေး ရောင်းချသူတွေကို ဖေဖော်ဝါရီ ၂၂ ရက်မှာ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ Notic ပေးထားပါတယ်။ ဖေဖော်ဝါရီ ၇ရက်မှာ အသိပေးအကြောင်းပြီးလည်းဖြစ်တဲ့အတွက် သတ်မှတ်ရက်မှာမဖယ်ရှားဘူးဆိုပါက တွံတေးမြို့နယ်တရားရုံးမှာ တရားစွဲဆိုအရေးယူမယ်။ လိုက်နာဆောင်ရွက်ခြင်းမရှိ ဘူးဆိုရင် စီမံခန့်ခွဲမှုနည်းအရ ဥပဒေနဲ့အညီအင်အားသုံးပြီးအဖွဲ့နဲ့ ဖျက်သိမ်းရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။


တွံတေးမြို့မဈေးရှေ့ရှိ ပန်းတန်း၊နဝဒေးအထက်လမ်း၊နဝဒေး အောက်လမ်းနှင့်ဗိုလ်ချုပ်လမ်းဝဲ /ယာရှိပျံကျဈေးသည်များကို မြို့ မဈေးအတွင်းပျံကျဈေးနေရာသို့စနစ်တကျရွှေ့ပြောင်းနိုင်ရန် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကနေရာချထားရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ကျူးကျော်ဈေးသည်များ အား မြို့မဈေးအတွင်းပြောင်းရွှေ့ ရောင်းချရန်စီစဉ်ခဲ့ကြောင်းသိရသည်။ အဆိုပါပျံကျဈေးသည် ၂ဝဝ ခန့်ကိုအကွက် ၂ဝ၅ ကွက် စီစဉ်ပေးခဲ့ပြီး ၂ဝ၁၈ ခုနှစ် မတ်လ ၃ဝ ရက်နေ့နောက်ဆုံးထား ပြောင်းရွှေ့ရောင်းချရန်အသိပေးခဲ့သော်လည်း ယနေ့အချိန်ထိရွှေ့ ပြောင်း ရောင်းချခြင်းမရှိကြ ကြောင်း သိရသည်။ တွံတေးမြို့နယ်စည်ပင်က ၂ဝ၁၈ ခုနှစ်ဧပြီမှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီအထိ ကျူးကျော်ဈေးသည် ၃၃၄ ဦးထံမှ ဒဏ်ကြေးငွေ ကျပ် ၂၅ သိန်း ငါးထောင်ရရှိ ခဲ့သည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top