HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စစ်ကိုင်းကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာတော်အပါး ၁၂ဝ တို့ကို ဆွမ်းလောင်းလှူ၊ ရိုးရာ ဘဲဥထုပွဲတွင် ကစားသူများဖြင့် စည်ကား

စစ်ကိုင်းကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင်  သံဃာတော်အပါး ၁၂ဝ တို့ကို  ဆွမ်းလောင်းလှူ၊  ရိုးရာ ဘဲဥထုပွဲတွင်  ကစားသူများဖြင့် စည်ကား

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဧမြဝတီရပ်အနောက်ပိုင်းဇိနမာရ် အောင်လောကချမ်းသာကြေးဘု ရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၅ ရက် လပြည့် ကျော် ၁ ရက်(ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂ဝ ရက်)တွင် ကျင်းပရာ ယခုနှစ်ပွဲတော်တွင် သံဃာအပါး ၁၂ဝ တို့ကို ဆွမ်းလောင်းလှူပြီး ဒေသရိုးရာဘဲဥထုကစားပွဲဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။ ကြေးဘုရားကြီး ဘဲဥထုက စားပွဲမှာ မြန်မာနိုင်ငံတွင် စစ်ကိုင်း မြို့တစ်မြို့တည်းသာ ကျင်းပသည့် ရိုးရာအပျော်ကစားပွဲဖြစ်ပြီး ဘဲဥ ထုကစားပွဲတွင် ဘဲဥရောင်းချသူ များကိုယ်တိုင်မာကာ(ဒိုင်)လုပ်ကြ ရသည်။

ဘဲဥထုကစားပွဲကို ရှေးမြန်မာ မင်းများလက်ထက်ကတည်းက ဧမြဝတီရပ်ကွက်နေထိုင်ကြသည့် ဘုရင့်လှေတော်သားအမှုထမ်းများ က စတင်ကစားခဲ့ကြရာမှ နောက် ပိုင်းတွင် ကြေးဘုရားကြီးဗုဒ္ဓပူဇနိ ယပွဲတော်ကျင်းပချိန်တွင် ပျော်ပွဲ ရွှင်ပွဲအဖြစ် နှစ်စဉ်ထည့်သွင်းကျင်း ပကြခြင်းဖြစ်သည်။ အဆိုပါကြေးဘုရားကြီးကို အများပြည်သူလှူဒါန်းသည့် ကြေး ပိဿာချိန် ၇ဝ၊ ငွေချိန် ၃ဝဝ ကျပ်သား၊ ရွှေချိန် ၃ဝ ကျပ်သား တို့ဖြင့် ၁၂၆၆ ခုနှစ်တွင် ကြေး ဘုရားကြီးဆရာတော်က ဦး ဆောင်သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ကြေးဘုရား ကြီးအစဉ်အဆက် ဆရာတော်များ အားအမှူးထား၍ ဂေါပကအဖွဲ့မှ နှစ်စဉ်ဆွမ်းလောင်းလှူပွဲနှင့်အတူ ကျင်းပခြင်းဖြစ်သည်။


ဖေဖော်ဝါရီ ၁၈ ရက်တွင် အကြိုဘဲဥထုပွဲစတင်၍ ဖေဖော် ဝါရီ ၁၉ ရက်နှင့် ၂ဝ ရက်များတွင် ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအလှ ခတ်ကစားပွဲများကျင်းပပြီး ညပိုင်း တွင် ဘုရားကြီးရှေ့ရှိ ပဲ့နင်းဘုရား ဝင်းအတွင်း၌ ရိုးရာဘဲဥထုကစား ပွဲကျင်းပရာ ညလုံးပေါက်နီးပါးက စားသူများဖြင့် စည်ကားသည်။ ဖေဖော်ဝါရီ ၂ဝ ရက်နံနက်ပိုင်း တွင် ပင့်သံဃာတော်အပါး ၁၂ဝ တို့အား ဆွမ်းကြီးလောင်းလှူကြ သည်။  ယခုနှစ် ဘုရားပွဲတော်တွင် ပြုတ်ပြီးဘဲဥရောင်းချသူ ၅ဝ ကျော်မှ ဘဲဥတစ်လုံးလျှင်ငွေကျပ် ၂၅ဝ ဖြင့် ရောင်းချရာ ဘဲဥထုပွဲ နှစ်ညစလုံးတွင် ညဥ့်နက်မှ အ ရုဏ်တက်ချိန်အထိ ကစားကြသ ဖြင့် ဘဲဥပြုတ်ရောင်းချသူတစ်ဦး သည် တစ်ညဘဲဥအလုံးရေ ၅ဝဝ နှင့် အထက်ရောင်းချရကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top