HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အခမဲ့ဆေးခန်း နောက် ခြောက်လခန့်တွင် ပိတ်သိမ်းရဖွယ်ရှိ

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အခမဲ့ဆေးခန်း နောက် ခြောက်လခန့်တွင် ပိတ်သိမ်းရဖွယ်ရှိ

ရန်ကုန်၊ မတ် ၁၂

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အခမဲ့ ဆေးခန်းသည် ရန်ပုံငွေအခက်အခဲကြောင့် နောက်ခြောက်လခန့် တွင်ပိတ်သိမ်းရဖွယ်ရှိကြောင်း သိရသည်။ ''ဆေးခန်းအတွက် ထောက်ပံ့ထားတဲ့ ပြည်တွင်းအလှူရှင်က မလှူတော့လို့ ရန်ပုံငွေနောက်ထပ်မရတော့ရင် နောက် ခြောက်လ လောက်ဆို ပိတ်ရတော့မယ့် အ ခြေအနေဖြစ်နေပါတယ်''ဟု ယင်း ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးကျော်အောင်က ဒီမိုကရေစီတူဒေးသို့ မတ်၁၂ ရက်တွင် ပြောသည်။

အဆိုပါဆေးခန်းမှနေ၍ အပတ်စဉ် နိုင်ငံရေး အကျဉ်းသား ဟောင်း ၁ဝဝ နီးပါးခန့်ကို ဆေးကုသပေးလျက်ရှိကြောင်း၊ လာရောက်ကုသပေးသော ဆရာဝန်များကလည်း ပညာလုပ်အားဖြင့် ကူညီ ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။ ''အရင်တုန်းက ဆေးရုံတွေ တက်ရောက်ကုသဖို့လိုတဲ့သူတွေကိုလည်း ထောက်ပံ့ငွေတွေ ပေးနိုင်ခဲ့တယ်။ ဆေးစစ်ခလိုနေတဲ့သူ တွေအတွက်လည်း ဓာတ်ခွဲခန်းတွေမှာ အခမဲ့ဆေးစစ်ပေးနိုင်တယ်။အခုတော့ ရန်ပုံငွေမလုံလောက်လို့ ဆေးခန်းမှာလည်း ဆေးဝါးပြည့်ပြည့် စုံစုံမထားနိုင်တော့ဘူး''ဟု ၎င်းက ဆိုသည်။


ယင်းဆေးခန်းတွင် ကျန်းမာ ရေးချို့ယွင်းလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာမှစတင်ကာ ကုသ ပေးခဲ့ခြင်းဖြစ်ပြီး အမှတ် ၁၁၉ လမ်း ၅ဝ အလယ်ဘလောက်တွင်ဖွင့်လှစ်ထားသည်။ ဟံသာဝတီဦးဝင်းတင်ဖောင် ဒေးရှင်းအနေဖြင့် နိုင်ငံရေးအကျဉ်း သားများကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနေပြီး မတ် ၁၂ရက်တွင်လည်း ဖောင်ဒေးရှင်းနာယကကြီး ကွယ်လွန်သူ ဦးဝင်းတင်၏(၈၉)နှစ်မြောက် မွေးနေ့ပွဲ၊ ခုနစ် ကြိမ်မြောက် နှစ်ပတ်လည်ပွဲနှင့် (၃၆)ကြိမ်မြောက် ထောက်ပံ့ငွေပေး အပ်ပွဲကို တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကာ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။

NT

#democracytoday

Rate this item
(0 votes)
back to top