HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ကျွန်းပေါ်ရှိ ကျေးရွာများ၌ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ကျွန်းပေါ်ရှိ ကျေးရွာများ၌ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ

ရေစကြို၊ မတ် ၁၂

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ကျွန်းပေါ်ရှိ ကျေးရွာ ၂၉ ရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် သရဖူ ဆရာတော် ဒေါက်တာအရှင်တေဇနိယတို့ပူးပေါင်း၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၅ ရွာရှိသည့်အနက် ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်အကြား ကျွန်းပေါ်တွင် ကျေးရွာ ၅၂ ရွာရှိပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပထမဦးစားပေးအနေဖြင့် ကျေးရွာ ၂၉ ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ''ချင်းတွင်းမြစ်နဲ့ဧရာဝတီမြစ်အကြား ကျွန်းပေါ်ရှိ ကျေးရွာတွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၆ဝ ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူတွေက ၂ဝ ရာခိုင်နှုန်း၊ ရင်းနှီး မြှုပ်နှံတဲ့ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်တာပါ''ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှသိရသည်။


ယင်းလုပ်ငန်းများမှာ ၂၈၈ ကီလိုဝပ်ရှိ ဆိုလာအသေးစား ဓာတ်အားပေးစနစ် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းတစ်ခု၊ ကျေးရွာနေပြည်သူမှ ပစ္စည်းတန်ဖိုး၏ လေးပုံတစ်ပုံခန့်အချိုးကျ ထည့်ဝင်၍ ဆောင်ရွက်သော တစ်အိမ်သုံးဆိုလာစနစ် မီးရရှိရေးလုပ်ငန်းကိုးခု၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံ ငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေ၊ လွှတ်တော်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းမြေနီ ကျောက်စရစ်လမ်းခင်းခြင်းလုပ် ငန်းခြောက်ခု၊ ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်း ၃ဝဝ ထောက်ပံ့၍ ဆောင်ရွက်သည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကျေးရွာတစ်ရွာတို့အား ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top