HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ငါးနှစ်အောက် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် မကွေးတိုင်းဒေသကြီး၌ မိခင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်

ငါးနှစ်အောက် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် မကွေးတိုင်းဒေသကြီး၌  မိခင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်

မကွေး၊ မတ် ၁၃

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ငါးနှစ်အောက်ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာများ၌ မိခင်ဝိုင်းများထားရှိကာ ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။ မိခင်ဝိုင်းဆိုသည်မှာ ကျေးရွာများ၌ ရှိသည့်ကလေးငယ်များကို မိခင်များက ဝိုင်းဝန်းပြုစုပျိုးထောင်သည့်လုပ်ငန်းဖြစ်ပြီး အဆိုပါ မိခင်ဝိုင်း၌ ကလေးငယ်များအားပြုစုပျိုးထောင်သည့် မိခင်များကို ကလေးပြုစုပျိုးထောင်နည်းသင်တန်းများပို့ချပေးထားပြီ ဖြစ်သည်။

''ကျေးရွာတွေမှာ မူကြိုကျောင်းတွေမဖွင့်နိုင်သေးတဲ့အတွက် မိခင်ဝိုင်းကိုတော့ တစ်နှစ်မှာ (၁၁)လ ဖွင့်လှစ်မှာဖြစ်ပါတယ်။ မိခင်ဝိုင်းတစ်ဝိုင်းမှာ ကလေးအယောက် ၂ဝ ထားရှိမှာဖြစ်ပါတယ်။ မိခင်ဝိုင်းမှာကလေးတွေကို ပံ့ပိုးမှုပေးပါတယ်''ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်ကပြောသည်။


မိခင်ဝိုင်းမှာရှိသည့် ကလေးငယ်တစ်ဦး၏ အာဟာရအတွက် လူမှုဝန်ထမ်းဌာနမှ တစ်ရက်လျှင် ငွေကျပ် ၃၅ဝ နှုန်းဖြင့် ထောက်ပံ့ ပေးထားပြီး မိခင်တစ်ဦးလျှင် တစ်လငွေ ကျပ်သုံးသောင်းထောက်ပံ့ ပေးထားသည့်အပြင် ကလေးငယ်များကို ချက်ပြုတ်ကျွေးမွေးနိုင်ရန် မီးဖိုချောင်သုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားသည်။ မိခင်ဝိုင်းများကို ထောက်ပံ့ရသည့်ရည်ရွယ်ချက်မှာ မိခင်ဝိုင်း များ ရေရှည်ရပ်တည်နိုင်ရန်အတွက် ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၌ မိခင်ဝိုင်းစုစုပေါင်း ၄၁ ဝိုင်းဖွင့်လှစ် ပေးထားပြီဖြစ်ကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top