HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မန်းပြည်ထောင်စု သင်္ကြန်မဏ္ဍပ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သံချပ်အဖွဲ့များ စာသားများ ကြိုတင်တင်ပြရမည်

မန်းပြည်ထောင်စု သင်္ကြန်မဏ္ဍပ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သံချပ်အဖွဲ့များ စာသားများ ကြိုတင်တင်ပြရမည်

မန္တလေး၊ မတ် ၁၃

ယခုနှစ် မန္တလေးမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပြည် ထောင်စုသင်္ကြန်မဏ္ဍပ်၌ ပထမဆုံးသံချပ်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည့် သင်္ကြန်သံချပ်အဖွဲ့များအနေဖြင့် ပြိုင်ပွဲ ဝင်လူအင်အားစာရင်း၊ ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို ကြိုတင်စိစစ်ခွင့်ပြုပေးနိုင်ရန်အတွက် ဧပြီ ၄ ရက်နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မတ် ၁၃ ရက်တွင် ထုတ်ပြန်အသိပေးချက်အရ သိရသည်။

''သံချပ်ထိုးရာမှာ အဓိကက တော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့အတူ နိုင်ငံတော်အစိုးရရဲ့ ဂုဏ်သိက္ခာကိုထိပါးနိုင်မယ့် တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်ရေးသာ သီဆိုမှုတွေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်တဲ့ ရေးသားသီဆိုမှုတွေ မပါရှိဖို့၊ စာသားတွေမှာပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (ဒါမှမဟုတ်) အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ် တစ်ဖက်သတ်စွပ်စွဲ ပုတ်ခက်မှုတွေ မပါဝင်ဖို့၊ မည်သည့်ဘာသာသာသ နာကိုမဆို ထိပါးစော်ကားတဲ့စာသားတွေမပါရှိဖို့ဖြစ်ပါတယ်''ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဇော အောင်က မတ် ၁၃ ရက်တွင်ဒီမိုက ရေစီတူဒေးသို့ ပြောကြားသည်။


သံချပ်အဖွဲ့များသည် အဖွဲ့ဝင်အင်အားစာရင်းနှင့် စာသားများကိုဌာနမှူး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ကော်မတီရုံးသို့ တင်ပြရမည်ဖြစ်ရာ သတ်မှတ်ရက်ထက်နောက်ကျ၍ တင်ပြလာသည့် အဖွဲ့များကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်မဟုတ်ဘဲ သံချပ်ပြိုင်ပွဲကို သ င်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့ နှင့် အကြတ်နေ့များတွင် ၆၂ လမ်း၊ မနော်ရမ္မံကွင်းအတွင်းရှိ ပြည်ထောင် စုမဏ္ဍပ်တွင် ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ဖွဲ့လျှင်ပြိုင်ပွဲ ဝင်ချိန် မိနစ် ၃ဝကြာမြင့်မည်ဖြစ်သည်။ ဆုရရှိသော သံချပ်အဖွဲ့များအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်၍ ဆုချီးမြှင့်ပွဲကို မဟာသင်္ကြန်အတက်နေ့ညနေပိုင်း တွင် မန္တလေးမြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top