HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အမေရိကန် အလယ်ပိုင်းတွင် ပြင်းထန်သော နှင်းမုန်တိုင်း၊ ရေကြီးခြင်းနှင့် လေဆင်နှာမောင်းများဖြစ်ပေါ်

အမေရိကန် အလယ်ပိုင်းတွင် ပြင်းထန်သော နှင်းမုန်တိုင်း၊ ရေကြီးခြင်းနှင့် လေဆင်နှာမောင်းများဖြစ်ပေါ်

ချေယင်နေ၊ မတ် ၁၄ 

ဆောင်းရာသီတွင်ဖြစ်ပေါ်လာသည့် မုန်တိုင်းကြောင့်ပြင်းထန်သည့်နှင်းမုန်တိုင်းများ၊ ရေကြီးမှုများနှင့် လေဆင်နှာမောင်းများသည် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းရော့ကီးတောင်တန်းမှ တက္ကဆက်ပြည်နယ်သို့တိုင်ကျ ရောက်ခဲ့သည်။ ပြည်နယ် ၂၅ ခုကို ဆိုးရွားစေခဲ့ကြောင်း AP သတင်းများကမတ် ၁၄ ရက်တွင်ဖော်ပြသည်။

ဤမုန်တိုင်းမှာ အလွန်ကြီးမားသောမုန်တိုင်းဖြစ်ကြောင်း အမျိုးသားသမုဒ္ဒရာနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အုပ်ချုပ်ရေးဌာန၊ ရာသီ ဥတုခန့်မှန်းရေးစင်တာမှ ဂျော့ကာ ဘင်ကပြောကြားလိုက်သည်။ ဤ မုန်တိုင်းမှာသမိုင်းတွင်မှတ်တမ်း တင်ရမည်ကို မိမိတို့စောင့်ကြည့် နေသည်ဟုလည်း ၎င်းကပြော ကြားလိုက်သည်။


ကော်လော်ရာဒိုပြည်နယ်တွင် ကင်းလှည့်နေသော ရဲတစ်ဦးကအ ခြားဒရိုင်ဘာတစ်ဦးကို ကူညီနေစဉ် အခြားကားတစ်စီးတိုက်၍သေ ဆုံးခဲ့ရသည်။ မိမိတို့မှာ ဆေးရုံကို ပြေးရမလား၊ နွေးနွေးထွေးထွေး နေရမလားဆိုသည်ကို စဉ်းစားနေ ရသည်ဟု သူမကပြောခဲ့သည်။ ယင်းမုန်တိုင်း၏ ပြင်းထန်မှု ကြောင့် ကားရှေ့မှန်မှရေခဲမှုများ ကို ဖယ်ရှားရနေရသလို အခြား ကားများရှေ့သိုရွေ့ရန်လည်း ကူညီ နေရကြောင်း၊ သင့်တစ်ကိုယ်လုံး လည်း အေးခဲသွားနိုင်ကြောင်း သူမကထပ်မံပြောခဲ့သည်။


ကော်လော်ရာဒိုစပရင်း လေ ဆိပ်တွင်လေယာဉ်ပျံသန်းမှု ခရီး စဉ်ရာနှင့်ချီပယ်ဖျက်ခဲ့ရပြီး လေ ယာဉ်ပျံအစင်း ၄ဝမှာ ရပ်ထားခဲ့ ရသည်။ နယူးမက္ကဆီကို ပြည်နယ် လေဆိပ်တွင်လည်း ခရီးသည် များသောင်တင်နေခဲ့ကြသည်ဟု ဆိုသည်။ မတ် ၁၄ ရက်တွင် ကျောင်း များနှင့် ရုံးများကိုပိတ်ထားလိုက်ရ သည်ဟုဆိုသည်။ လေပြင်းထန်မှု ကြောင့် နေအိမ်နှင့်စီးပွားရေးလုပ် ငန်း ၁၈၄ဝဝဝမှာ လျှပ်စစ်ဓာတ် အားပြတ်တောက်သွားခဲ့ကြောင်း Xcel စွမ်းအင်ကုမ္ပဏီတစ်ခုက ပြောခဲ့သည်။


အလုပ်သမားများမှာလည်း လျှပ်စစ်လိုင်းပြန်ပြင်ရန် ပြင်းထန် သောနှင်းမုန်တိုင်းကြောင့် လုံးဝ လုပ်၍မရဖြစ်နေသည်ဟု Xcel ပြောခွင့်ရပုဂ္ဂိုလ်မာစ့်စတင်ပ်ဇ်က ပြောခဲ့သည်။ ဤအဖြစ်မှာ ရက် အတော်ကြာလိမ့်မည်ဟု ယူဆရ ကြောင်းလည်း ၎င်းကပြောခဲ့သည်။ တက္ကဆက်ပြည်နယ်မြောက် ပိုင်းတွင် ပြင်းထန်သော မိုးကြိုးမုန် တိုင်းကြောင့် အဆောက်အအုံများ ပျက်ကျကာလေဆိပ်တွင် ရပ်ထား သော လေယာဉ်ငယ်များပေါ်သို့ ပိကျခဲ့ကြသည်ဟုဆိုသည်။


နီဗရာစကာပြည်နယ် မြောက် ပိုင်းနှင့် အိုင်အိုဝါပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုဒဏ်ကိုခံနေရသည်။ အိုင်အိုဝါတွင် ရေလွှမ်းမိုးမှုသက် သာရန် သဲအိတ်များချနေကြပြီး အမေရိကန်ကြက်ခြေနီအသင်းက တဲများကို ဆောက်လုပ်ကာနေရာ ချထားပေးလျက်ရှိသည်ဟုဆို သည်။ နယူးမက္ကဆီကိုပြည်နယ် တွင် ကုန်ရထားတစ်စင်းမှာမုန် တိုင်းကြောင့် ရထားလမ်းတံတား ပေါ်မှ ချောင်းထဲသို့ထိုးကျခဲ့သည် ဟုသက်ဆိုင်ရာကပြောခဲ့သည်။


လေတိုက်နှုန်းတစ်နာရီလျှင် ၉၂ မိုင်ရှိပြီး နှင်းမုန်တိုင်းကြောင့် နှင်းထုမှာ ၂၂ လက်မထူကြောင်း ဝိုင်အိုမိန်းပြည်နယ်လူထုကဆို သည်။ တောင်ဒါကိုတာပြည်နယ် တွင်မူ နှင်းထု ၁၄ လက်မအထူအ ထိကျဆင်းခဲ့သည်။ ရာသီဥတု ခန့်မှန်းသူများက နှင်းမုန်တိုင်း ကြောင့်နှင်းများစုကာ နက်ရှိုင်းသော ချောက်များဖြစ်ပေါ်နေသည်ဟု ပြောခဲ့သည်။

Ref; AP

#democracytoday

Rate this item
(0 votes)
back to top