HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံတို့၌ မိုးသည်းထန်စွာရွာ၊ လူ ၆ဝ ကျော်သေဆုံး၊ ၈၄၃ဝဝဝ မှာ ရေဘေးသင့်ဒဏ်ခံရ

မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံတို့၌ မိုးသည်းထန်စွာရွာ၊ လူ ၆ဝ ကျော်သေဆုံး၊ ၈၄၃ဝဝဝ မှာ ရေဘေးသင့်ဒဏ်ခံရ

ကုလသမဂ္ဂ၊ မတ် ၁၄ 

အာဖရိကတိုက်တောင်ပိုင်း မိုဇမ်ဘစ်နှင့် မာလာဝီနိုင်ငံတို့တွင် မိုးများသည်းထန်စွာရွာသွန်းမှု ကြောင့် လူ ၆ဝ ကျော်သေဆုံးကာ ရေဘေးဒုက္ခသည် ၈၄၃ဝဝဝ ရှိ ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပု ဂ္ဂိုလ်၏ ပြောကြားချက်ကို ဆင်ဟွာ သတင်းက မတ် ၁၄ ရက်တွင် ဖော်ပြလိုက်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရီးစ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဒူ ဂျာရစ်က ပြောကြားရာတွင် ကုလ သမဂ္ဂ လူသားချင်းစာနာရေးအဖွဲ့ နှင့် သက်ဆိုင်ရာအစိုးရများ၏ ပြောကြားချက်အရ လူပေါင်း ၈၄၃ဝဝဝ မှာ ရေဘေးဒုက္ခသည် ဖြစ်နေရကာ ၆ဝ ကျော်သေဆုံး ခဲ့သည်ဟုဆိုသည်။

မိုဇမ်ဘစ်နှင့် မာလာဝီနိုင်ငံ အစိုးရများက လူသားချင်းစာနာမှု အထောက်အကူများရရှိရန် လုပ် ဆောင်နေကြသည်ဟု ဒူဂျာရစ်က ပြောကြားလိုက်သည်။ မာလာဝီအစိုးရကို အရေးပေါ် အကူအညီများပေးရန် ကုလသမဂ္ဂ ကို တောင်းခံခဲ့ကြောင်း၊ ထိုအထဲ တွင် တဲများ၊ ရိက္ခာများ၊ ဆေးဝါးများ နှင့် ရဟတ်ယာဉ်များပါဝင်ကြောင်း ၊ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများကို ဖြန့်ဝေပေးသွားနိုင် မည်ဟု ¤င်းကထပ်မံပြောကြား လိုက်သည်။ အာဖရိကဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ပူးတွဲညှိနှိုင်း ရေးရုံး ( OCHA ) ကပြောကြား ရာတွင် မာလာဝီနိုင်ငံတွင် ကယ် ဆယ်ရေးအတွက် လိုအပ်သော ပစ္စည်းများ စုဆောင်းကာ ကယ် ဆယ်ရေးလုပ်ငန်းကို အလျင်အမြန် လုပ်ဆောင်နေကြောင်း ပြောကြား လိုက်သည်။


မိုဇမ်ဘစ်နိုင်ငံတွင် ရေဘေး ဒုက္ခသည် ၁ဝ၃ဝဝဝ ကျော်ရှိနေ ကြောင်း အစိုးရနှင့် လူသားချင်း စာနာမှုအဖွဲ့များက ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်နေကြသည်ဟု ဒူဂျာရစ်က ပြောခဲ့သည်။ မာလာဝီနိုင်ငံတွင် မိုးသည်းထန်စွာ လေးရက်တာရွာသွန်းမှု ကြောင့် လူ ၇၃၉ဝဝဝခန့် ရေဘေး ဒဏ်သင့်ခဲ့ရကြောင်း OCHA က ပြောကြားလိုက်သည်။ နောက်ထပ်နှစ်ရက်တွင် အပူပိုင်း မုန်တိုင်း (Idai) အီဒိုင်သည် မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံတို့သို့ ဝင်ရောက်ဖွရှိနေကြောင်း OCHA က သတိပေး ပြောကြားလိုက်သည်။ အစောပိုင်းသတိပေးချက်တွင် မာလာဝီနိုင်ငံရှိ မုန်တိုင်းသင့်နိုင် သည့် နေရာများမှ လူများအား ကုန်းမြင့်ဒေသများကို ရွှေ့ပြောင်း ကြရန် နှိုးဆော်ထားကြောင်း သိ ရသည်။

Ref; Xinhua

#democracytoday

Rate this item
(0 votes)
back to top