HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မလေးရှားတွင် မီသိုင်းဓာတ်ငွေ့အဆိပ်သင့်၍ ကျောင်းပေါင်း ၁၁၁ ကျောင်း ပိတ်ထားရ

မလေးရှားတွင် မီသိုင်းဓာတ်ငွေ့အဆိပ်သင့်၍ ကျောင်းပေါင်း ၁၁၁ ကျောင်း ပိတ်ထားရ

ဂျိဟောဘာရူ၊ မတ် ၁၄

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ် ပါဆာဂူဒါန်အရပ်၌ မီသိုင်း ဓာတုအဆိပ်ဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် လူရာပေါင်းများစွာ နေထိုင်မကောင်းဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် ပါဆာဂူဒန်ဒေသရှိ စာသင်ကျောင်း ၁၁၁ ကျောင်းအား ပိတ်ထားရန် မလေးရှားပညာရေး ဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း CNA သတင်းက မတ် ၁၄ ရက်တွင် ဖော်ပြလိုက်သည်။ မတ် ၁၃ ရက်က အဆိပ်သင့် ၍ နာမကျန်းဖြစ်ရသူ ၅ဝ၆ ဦး ရှိ ခဲ့ကြောင်း၊ ၁၆၆ ဦးကို သာမန် ဆေးဝါးကုသဆောင်၌ ကုသပေး ထားပြီး လူကိုးဦးနှင့် အခြားကျန် လူများကို အထူးကြပ်မတ်ကုသ ဆောင်တွင် တင်ထားရကြောင်း သက်ဆိုင်ရာက ပြောလိုက်သည်။

ကျန်းမာရေးဝန်ကြီးဇူကီဖ လီအာမက်က ပါဆာဂူဒန်တွင် အဆိပ်သင့်၍ ကျောင်းသားတစ်ဦး သေခဲ့သည့်သတင်းအပေါ် မဟုတ် ကြောင်း ငြင်းဆိုလိုက်သည်။ ၎င်းက နိုင်ငံတော်ဘေးဒုက္ခ များ စီမံခန့်ခွဲမှုဌာန၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် အဆိပ် သင့်၍ သေဆုံးရသော ကျောင်း သားမရှိကြောင်း ပြောကြားလိုက် သည်။ စွမ်းအင်၊ သိပ္ပံ၊ နည်းပညာ နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး ယိုဘီယင်က သံသယရှိသူ လူနာ တစ်ဦးအား မတ် ၁၄ ရက်တွင် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ပြောကြားလိုက်သည်။


ပညာရေးဝန်ကြီး မာဇ်လီမာလစ်က ပြောကြားရာတွင် ''ကံမ ကောင်းစွာဘဲ ပြောရတော့မယ်။ ဒီနေ့ဟာ ပိုပြီးအရေးကြီးတဲ့ အခြေ အနေဖြစ်ပါတယ်''ဟု ၎င်း၏ဖေ့စ်ဘွတ်တွင် ပြောကြားလိုက်သည်။ ဓာတ်ငွေ့အဆိပ်သင့်နေရာမှ သုံး ကီလိုမီတာအဝန်းအဝိုင်းအတွင်း ကျရောက်သည့် ကျောင်းများအား လုံးပိတ်ထားရန် မိမိကအမိန့်ထုတ်ခဲ့ကြောင်း ၎င်းကဖော်ပြခဲ့သည်။ သိပ္ပံနှင့်ပတ်ဝန်းကျင်ရေးရာဝန် ကြီး မစ္စယိုက ရှေ့နေချုပ်နှင့်ဆက်သွယ်ကာ သံသယရှိသူကို အရေး ယူသွားမည်ဖြစ်ကြောင်း ပြော ကြားလိုက်သည်။ ဤသို့ပတ်ဝန်းကျင်ညစ်ညမ်း မှုပြုလုပ်သူကို ထောင်ဒဏ်ငါးနှစ် နှင့် ဒဏ်ငွေရင်းဂစ် ၅ဝဝဝဝဝ (ဒေါ်လာ ၁၂၂ဝဝဝ) ဒဏ်ရိုက်ခံ ရမည်ဖြစ်သည်။ ဤသည်မှာ ၁၉၇၄ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄ ဘီအရ ဖြစ်သည် ဟုဆိုသည်။

Ref; CNA

#democracytoday

Rate this item
(0 votes)
back to top