HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန် ဓာတ်ပုံပြိုင်ပွဲကို ပညာရှင် လက်ရာပြိုင်ပွဲနှင့် လျှပ်တစ်ပြက် လက်ရာပြိုင်ပွဲ နှစ်မျိုးကျင်းပမည်

ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန် ဓာတ်ပုံပြိုင်ပွဲကို ပညာရှင် လက်ရာပြိုင်ပွဲနှင့် လျှပ်တစ်ပြက် လက်ရာပြိုင်ပွဲ နှစ်မျိုးကျင်းပမည်

မန္တလေး၊ မတ် ၁၅

၂ဝ၁၉ ခုနှစ် မန္တလေးမြို့တော် သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ 'ပျော်ပွဲရွှင်ပွဲဆင်နွှဲ မန်းသင်္ကြန်ပွဲ' ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲအား ပညာရှင်လက်ရာ ပြိုင်ပွဲနှင့် လျှပ်တစ်ပြက်လက်ရာပြိုင်ပွဲအဖြစ် နှစ်မျိုးခွဲခြား ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲနှစ်မျိုးမှ ပညာရှင်ပြိုင်ပွဲတွင် ဓာတ်ပုံလေးပုံအထိ ယှဉ် ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်စည်းမျဉ်းများနှင့်အညီသာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဓာတ်ပုံများကို နှစ်ဆန်း ၂ ရက်(ဧပြီ ၁၈ ရက်)တွင် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအတွင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီသို့ ပေးပို့ရမည်ဖြစ်သည်။

 

လျှပ်တစ်ပြက်လက်ရာ ဓာတ်ပုံပြိုင်ပွဲတွင် ဖုန်းကင်မရာအပါအဝင် မည်သည့်ကင်မရာနှင့်မဆို ရိုက်ကူးနိုင်ရာ သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၁၅ ရက်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများအား ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေ ၃ နာရီမှ ညနေ ၆ နာရီအတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ဦးလျှင် ဓာတ်ပုံလေးပုံအထိ လာ ရောက်ပေးပို့နိုင်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများကို မဲစနစ်(ဠသအငညါ)ဖြင့် ပရိသတ်များက ဧပြီ ၁၆ ရက်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း အမှတ်ပေး ရွေးချယ်ရမည်ဖြစ်ကာရမှတ်တူညီနေပါက မြို့တော်ဝန်က ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သည်။


၂ဝ၁၉ ခုနှစ် သင်္ကြန်ကာလ ရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုရွေးချယ်ပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲဝင် နှစ်မျိုးစလုံးအတွက် ဆုများကို ဧပြီ ၂၄ ရက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးရုံး၌ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top