HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပခန်း ကိုကြီးကျော် ပွဲတော်ချိန်တွင် ရေစကြိုလမ်းဆုံနှင့် မန္တလေးသွား လမ်းဆုံနေရာများ၌ ဒေသထွက် ထန်းသီးမုန့် အရောင်းတွင်ကျယ်

ပခန်း ကိုကြီးကျော် ပွဲတော်ချိန်တွင် ရေစကြိုလမ်းဆုံနှင့် မန္တလေးသွား လမ်းဆုံနေရာများ၌ ဒေသထွက် ထန်းသီးမုန့် အရောင်းတွင်ကျယ်

ရေစကြို၊ မတ် ၁၅

ရေစကြိုမြို့နယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်း ကူနီနန်းရင်းတွင် မတ် ၈ ရက်မှ ၂ဝ ရက်အထိ ကျင်းပနေသည့် ပခန်းကိုကြီးကျော်နတ်ပွဲတော်လာ မော် တော်ယာဉ်များမှ ရပ်တန့်ဝယ်ယူသဖြင့် ရေစကြိုမြို့အဝင် တမာတန်း လမ်းဆုံ၊ ပခုက္ကူ-မုံရွာလမ်းနှင့် ချောင်းဦးလမ်းဆုံ (အောင်မိုးလမ်းဆုံ)တို့၌ ရောင်းချနေသည့် နာမည် ကြီး ရေစကြိုထန်းသီးမုန့်များတွင် ကျယ်စွာ ရောင်းချနေရကြောင်း သိရသည်။

ရေစကြိုမြို့နယ်မှာ အညာဒေသတွင် ထန်းပင်ပေါများသည့် မြို့ နယ်ဖြစ်ပြီး ထန်းထွက်များသဖြင့် ဒေသခံများက ထန်းသီးမုန့်ကို တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချရာမှ ထင်ရှားလာကာ မုံရွာ၊ မန္တ လေးမြို့ကြီးများအထိ အရောင်းပျံ့နှံ့လာခဲ့သည်။ အဆိုပါ ထန်းသီးမုန့်လုပ်ငန်း ကို ဖိုကြီးများ တည်ထောင်ထုတ်လုပ်သူများ ရှိလာသလို တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချသူပါ ပိုမိုများ ပြားလာသဖြင့် ထန်းသီးပေါသည့် ရာသီချိန်မှာသာမက တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချကြသည်။


''ပခန်းပွဲက ရေစကြိုထန်းသီး မုန့်လုပ်သူများရဲ့ နှစ်စဉ်ဈေးကွက်တစ်ခုလို့ ပြောရမှာပါ။ ကိုကြီးကျော် နတ်ပွဲက ရက်ရှည်ကျင်းပတာ၊ ပွဲ တော်ပြန်တွေက အိမ်ပြန်လက် ဆောင်အဖြစ်ဝယ်ကြတာကြောင့် ပွဲတော်မတိုင်ခင် တပေါင်းလဆန်း ၁ ရက်ကစပြီး ပွဲတော်ပြီး တပေါင်း လပြည့်ကျော်အထိ အရောင်းတွင် ကျယ်ပါတယ်။ ပွဲတော်ရက် မဟုတ်ရင်တော့ တမာတန်းလမ်းဆုံနဲ့ အောင်မိုးလမ်းဆုံမှာ ပုံမှန်ခင်း ရောင်းတဲ့ဆိုင်နဲ့ ခေါင်းရွက်ဈေးသည် ၁၅ ဦးကနေ ၂ဝ ဦးလောက် ရှိပါတယ်။ ဒီရက်တော့ ဆိုင်ခင်း ရောင်းတဲ့သူရော ခေါင်းရွက်ဈေးသည်ပါ ၁၂ဝ ကျော်လောက်ရှိပါမယ်''ဟု ပခုက္ကူ 'ကျော်'ထန်းသီး မုန့်အရောင်းဆိုင်မှ ဦးကျော်က ပြောသည်။


ရေစကြိုထန်းသီးမုန့်ကို လုပ်ငန်းရှင်များက ဖိုတည်ထောင်ကာ ထုတ်လုပ်ရာတွင် မုန့်အရွယ်အစား ထုတစ်လက်မအထူရှိ တစ်ပေခွဲခန့် မုန့်အဝိုင်းကြီး ထုတ်လုပ်၍ ကိုယ်တိုင် ရောင်းချကြသလို တချို့မှာ လမ်းဘေးတွင်ဆိုင်ခင်း၍ တစ်ဆင့် ဝယ်ယူရောင်းချကြောင်း၊ ပွဲတော် ရက်တွင် ရောင်းဈေးမှာ တစ်ပိဿာ ကျပ်နှစ်ထောင်မှ ကျပ်သုံးထောင် အထိ ရောင်းဈေးရှိပြီး ယခုရက်ပိုင်း ပခန်းပွဲတော်ကာလတွင် ကားအသွားအလာ များသဖြင့် ဈေးသည်တစ်ဦးလျှင် ပိဿာချိန် ၂ဝ မှ ၅ဝ အထိ ရောင်းချရကြောင်းသိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top