HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ကြီးတွင် ကျပ်သိန်း ကိုးသောင်းခန့် အကုန်အကျခံပြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှု မတ်လကုန် သို့မဟုတ် ဧပြီလကုန်ပိုင်းတွင် ပြီးစီးနိုင် ဟုဆို

ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ကြီးတွင် ကျပ်သိန်း ကိုးသောင်းခန့် အကုန်အကျခံပြီး  လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှု မတ်လကုန် သို့မဟုတ် ဧပြီလကုန်ပိုင်းတွင် ပြီးစီးနိုင် ဟုဆို

ရန်ကုန်၊ မတ် ၁၅ 

ဗိုလ်တ ထောင်ဆံတော်ဦး ကျိုက်ဒေးအပ် စေတီတော်ကြီးတွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိ ရာ ၂ဝ၁၉ ခုနှစ်မတ်လကုန် (သို့မဟုတ်) ဧပြီလကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဂေါပက အဖွဲ့ထံမှသိရသည်။ ကျပ်သိန်းကိုးသောင်းခန့် ကုန်ကျခံကာ လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူထားသည်ဟုဆိုသည်။

''လောလောဆယ်ရွှေချ နေပါတယ်။ မတ်လကုန် ဒါမှမဟုတ် ဧပြီလကုန်လောက်မှ ပြီးစီးမယ်။ခေါင်းလောင်းတော် တစ်ခုတော့ ကျန်နေသေးတယ်။ စုစုပေါင်းကျပ်သိန်း ၉ဝဝဝဝ လောက် ကုန်ကျခံလှူဒါန်းထားပါတယ်''ဟု ဂေါပက အဖွဲ့ဝင် ဦးရဲမြင့်က ဒီမိုကရေစီတူ ဒေးသို့ပြောသည်။ ယင်းစေတီတော်ကြီးတွင် ဘက်စုံပြုပြင်မွမ်းမံခြင်းများကို လည်း ပြုလုပ်နေပြီး စေတီတော် ကြီးအတွင်းလိုဏ်ရှိ ပြခန်းများကိုလည်း မေလတွင်ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top