HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြန်မာ အိမ်ဖော်ကို နှိပ်စက်ညှဉ်းပန်းသည့် လင်မယားကို စင်ကာပူတရားရုံးက ပြစ်ဒဏ်များ ချမှတ်  

မြန်မာ အိမ်ဖော်ကို နှိပ်စက်ညှဉ်းပန်းသည့် လင်မယားကို စင်ကာပူတရားရုံးက ပြစ်ဒဏ်များ ချမှတ်   

စင်ကာပူ၊ မတ် ၁၈

မြန်မာအိမ် ဖော်ကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် တရား ရင်ဆိုင်နေရသော လင်မယားကို စင်ကာပူတရားရုံးက ထောင်ဒဏ် များချမှတ်ခဲ့ကြောင်း CNA သတင်း ဌာနတွင်ဖော်ပြခဲ့သည်။ စင်ကာပူ နိုင်ငံတွင် မြန်မာလူမျိုးအိမ်ဖော်ဖြစ် သော အသက်(၃၂)နှစ်ရှိ မမိုးမိုး သန်းအား အိမ်ရှင်လင်မယားဖြစ် သော အထက်တန်းအရောင်းမန်နေ ဂျာဖြစ်သော ချာယွန်လင်း(၄၃)နှစ် နှင့် ¤င်း၏ယောက်ျားဖြစ်သူ အိုင်တီ မန်နေဂျာ တေဝီကတ်(၄၁)နှစ်တို့ သည် လူ့ဂုဏ်သိက္ခာပျက်ယွင်း အောင် နှိပ်စက်ညှဉ်းပန်းမှုဖြင့် ခရိုင် တရားသူကြီး အိုလီဗီယာကိုးက မတ် ၁၈ ရက်က ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချာယွန်လင်းသည် ထောင်ဒဏ် သုံးနှစ်နှင့် ၁၁ လ ငွေဒဏ် ဒေါ်လာ ၄ဝဝဝ နှင့် မမိုးမိုးသန်းအား လျော်ကြေးငွေ အဖြစ် ဒေါ်လာ ၆၅ဝဝ ပေးရမည် ဖြစ်သည်။

တေဝီကတ်မှ ထောင်ဒဏ် နှစ်နှစ်ကျခံရမည်ဖြစ်ကာ မမိုးမိုးသန်းအား လျော်ကြေးငွေ ဒေါ်လာ ၃ဝဝဝ ပေးရမည်ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံသည် မြန်မာလူမျိုးအိမ်ဖော် မမိုးမိုးသန်းအား တုတ်ဖြင့်ရိုက်နှက်ခြင်း၊ ခြေ ဖြင့်ကန်ကျောက်ခြင်းနှင့် သူမ၏ အန်ဖတ်ကို သူမပြန်စားစေခြင်း၊ ထမင်းနှင့်သကြားရောကျွေးခြင်း များပြုလုပ်ခဲ့သည်။ အမှုကို တရားသူကြီးသည် ၃၁ ရက် စစ်ဆေးကာ ယခုအမိန့် အားချမှတ်ခဲ့ခြင်း ဖြစ်သည်။ ချာယွန် လင်းအား စွဲချက်ရှစ်ခု၊ တေဝီကတ် အား စွဲချက်ခြောက်ခုတို့ဖြင့် နိုင်ငံ ခြားအလုပ်သမားနှင့် အလုပ်ရှင် ဥပဒေအရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


¤င်းတို့ဇနီးမောင်နှံသည် ၂ဝ၁၇ ခုနှစ် မတ်လကလည်း အခြားအိမ်ဖော်တစ်ဦးဖြစ်သူ အသက်(၃၄)နှစ်ရှိ ဖာတီယန်အား နှိပ်စက်ညှဉ်းပန်းမှုဖြင့် တရားစွဲ ဆိုခံရပြီး တေဝီကတ်သည် ထောင်ဒဏ် နှစ်နှစ်နှင့် လေးလ၊ ဆန်ယွန်လင်းသည် ထောင်ဒဏ်နှစ်လ ကျခံခဲ့ရပြီးဖြစ်သည်။ မမိုးမိုးသန်းသည် ၎င်းတို့ထံ၌ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၈ ရက် နေ့က အလုပ်စတင်ဝင်ရောက် ခဲ့ပြီး ၎င်းကို ထမင်းနှင့်ဂေါ်ဖီ ထုပ်၊ နောင်သော် ထမင်းဖြူနှင့် ရေသာကျွေးခဲ့သည်ဟု မမိုးမိုးသန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ တရားသူကြီးက အိမ်ဖော် မမိုးမိုးသန်းသည် ဆာလွန်းသော ကြောင့် အမှိုက်ပုံးအတွင်းမှ ငှက် ပျောခွံများကို ကောက်စားခဲ့ရသည်ဟု ထွက်ဆိုထားသည်ဟု ပြောပြခဲ့သည်။ အလုပ်သမားဟောင်း ဖာတီယန်ကလည်း အိမ်ရှင်များက မမိုးမိုးသန်း အားထမင်းချည်းသတ်သတ်၊ တစ်ခါတစ်ရံ ထမင်းကို သကြားဖြူးကျွေးခဲ့သည်ကို သိရှိရ ကြောင်း ထောက်ခံထွက်ဆိုထားသည်ဟု စီရင်ချက်တွင် ဖော်ပြခဲ့သည်။

Ref:The Straits Times

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top