HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ထိုင်းအစိုးရထံ ဧည့်စာရင်းတိုင်ရန် ပျက်ကွက်သည့် မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁ ဦး ဖမ်းဆီးခံရ

ထိုင်းအစိုးရထံ ဧည့်စာရင်းတိုင်ရန် ပျက်ကွက်သည့်  မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၂ဝ

ထိုင်းအစိုးရထံ ဧည့်စာရင်းတိုင်ရန် ပျက်ကွက် သည့် မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမား ၈၁ ဦး ဖမ်းဆီးခံရ ကြောင်းသိရသည်။ ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်ဖီနယ်မြေ၊ ဘန်ချိုလုံ(င်) ရပ်ကွက်၊ အုပ်စု(၄) လုံဖောတို့(ပ်)ဥပဌာန်လမ်းရှိ  Shin Tech  ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မတ် ၁၉ ရက်က ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနမှာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စမုပရာကန်ခရိုင် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံးမှတာဝန်ရှိသူများနှင့် ခရီးသွားရဲတပ်ဖွဲ့ စသည့်အဖွဲ့စုံဖြင့် ဝင်ရောက်စစ် ဆေးခဲ့ရာ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၈၁ ဦးကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း မတ် ၂ဝ ရက်က ထိုင်းအခြေစိုက်အလုပ် သမားဟစ်တိုင်၏ ဖော်ပြချက်အရသိရသည်။

''အဲ့နေရာမှာ စစ်ဆေးတွေ့ ရှိတာက လူဦးရေ ၂ဝဝဝ လောက် ပေါ့။ အဲဒီထဲကမှ ၈၁ ဦးက အဖမ်းခံရတာ။ ထိုင်းမှာက ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် တစ် ယောက်ကို ဘတ် ၂ဝဝဝ ဒဏ်ငွေ ဆောင်ရတယ်''ဟု အလုပ်သမားဟစ်တိုင်မှ ကိုစိုးလင်းအောင်က ပြောသည်။ စစ်ဆေးချက်အရ အဆိုပါ နေရာတွင် မြန်မာနှင့် ကမ္ဘောဒီးယားလုပ်သား ၂ဝဝဝ ခန့်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအနက်မှ ကမ္ဗောဒီးယားအလုပ်သမား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း အလုပ်သမား ၈၁ ဦးသည် နေထိုင်ရာနေရာများ ပြောင်းရွေ့ခြင်းကို သက်ဆိုင်ရာနယ်မြေအာဏာပိုင်များထံ အ ကြောင်းကြားရန်ပျက်ကွက်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းလုပ်သား အားလုံးသည့်  Shin Tech ဆောက်လုပ်ရေးကုမ္ပဏီအပြင် အခြားဆောက်လုပ်ရေး ကုမ္ပဏီတို့မှာပါလုပ်ကိုင်နေသည့် လုပ်သားများဖြစ်ကြောင်းလည်း သိရသည်။


ယင်းအပြင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် ထိုင်းအမျိုးသား ငါးဦးကိုပါ စစ်ဆေးတွေ့ရှိသဖြင့် ဘန်ကဲဝိုရဲစခန်းသို့ ပို့ဆောင်၍ တရားဥဒေအတိုင်း အရေးယူ ဆောင်ရွက်ခဲ့သလို ဧည့်စာရင်း တိုင်ကြားရန်ပျက်ကွက်သည့် အလုပ်သမား ၈၁ ဦးကိုလည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှဒဏ်ကြေးငွေရိုက်ကာ အရေးယူ ဆောင်ရွက်ခဲ့သည်။ 

KSK

#democracytoday

Rate this item
(0 votes)
back to top