HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ရန်ကုန်မြို့လယ် တည်းခိုခန်းတစ်ခုတွင် ကင်မရွန်းနိုင်ငံသားနှစ်ဦးထံမှ ကျပ်သိန်း ၅ဝဝဝ ကျော်ဖိုး ကန်ဒေါ်လာ အတုများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ  

ရန်ကုန်မြို့လယ် တည်းခိုခန်းတစ်ခုတွင် ကင်မရွန်းနိုင်ငံသားနှစ်ဦးထံမှ  ကျပ်သိန်း ၅ဝဝဝ ကျော်ဖိုး ကန်ဒေါ်လာ အတုများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ   

ရန်ကုန်၊ မတ် ၂၂

ရန်ကုန်မြို့ လယ်ရှိတည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် ကင်မရွန်းနိုင်ငံသားနှစ်ဦးထံမှ ကျပ်သိန်းပေါင်း ၅ဝဝဝကျော် ဖိုး ကန်ဒေါ်လာအတုများနှင့်ဆက် စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်းသိရသည်။ ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်း ခြံလမ်းရှိ ချမ်းမြေ့တည်းခိုခန်း၌ တည်းခိုနေထိုင်နေသူ နိုင်ငံခြားသားနှစ်ဦး နိုင်ငံခြားငွေအတုများ လက် ဝယ်ထားရှိသုံးစွဲနေကြောင်း သတင်းအရ မတ် ၂၁ရက်ညနေပိုင်းက ရဲတပ်ဖွဲ့မှသွားရောက်ရှာဖွေရာ ကင်မရွန်းနိုင်ငံသား Mr.Guillaume Nekndo Tchoungang  (၃၃)နှစ် အခန်းအတွင်းမှ အမေရိကန်ဒေါ်လာ ၁ဝဝ တန်အတု ၃၄၇၁ရွက်ကို လည်းကောင်း၊ Mr.Charles Abe Etounit (၄၆)နှစ်၏ အခန်းအတွင်း မှ အမေရိကန်ဒေါ်လာအတုပြုလုပ် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၂၁မျိုးတို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနထံမှ သိရသည်။

ဖမ်းမိသူ ကင်မရွန်းနိုင်ငံသား Mr.Guillaume Nekndo Tchou ngang  ပါနှစ်ဦးတို့ကို စစ်ဆေးပြီး မတ် ၂၂ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် အမှုဖွင့်အရေးယူလိုက် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထံမှသိရသည်။ ဖမ်းမိသည့်ကန်ဒေါ်လာ အတု ပေါင်း ၃၄၇၁ဝဝမှာ လက်ရှိဒေါ်လာ ပေါက်ဈေးများအရ ကျပ်သိန်းပေါင်း ၅၃ဝဝကျော်ဖိုးရှိကြောင်း သိရသည်။ ကျောက်တံတားမြို့မ ရဲစခန်း မှူး ဒုရဲမှူးပိုထွန်းက ''သူတို့နှစ်ဦးက တရားဝင်ဗီဇာနဲ့ပဲလာတာ။ သူတို့ ဘာလုပ်ဖို့လဲဆိုတာတော့ မစစ်ရ သေးဘူး။ နှစ်ဦးစလုံးကို ဖမ်းမိထား ပြီ''ဟု ဒီမိုကရေစီတူဒေးသို့ မတ် ၂၂ ရက်တွင် ပြောသည်။


ယင်းကန်ဒေါ်လာအတုများ ဖမ်းမိမှုနှင့်ပတ်သက်ပြီး ကျောက် တံတားမြို့မရဲစခန်းမှ (ပ)၁ဝ၂/ ၂ဝ၁၉၊ လိမ်လည်အတုပြုလုပ်မှု ပုဒ်မ ၄၈၉-က/ အတုမှန်းသိလျက် သုံးစွဲမှုပုဒ်မ ၄၈၉-ခ/ လက်ဝယ် ထားမှု ပုဒ်မ ၄၈၉-ဂ/ အတုပြုလုပ် ရန် ပစ္စည်းကိရိယာများလက်ဝယ် ထားမှုပုဒ်မ ၄၈၉-ဃဖြင့် Mr.G-uillaume Nekndo Tchou ngang ပါနှစ်ဦးကို အမှုဖွင့်အရေးယူထား သည်။ 

WYHW

#democracytoday

Rate this item
(0 votes)
back to top