HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ညောင်ဦးမြို့၌ ကျေးရွာရေလှောင်ကန်များ ရေခန်းခြောက်မှုများဖြစ်ပေါ်နေသဖြင့် ကျေးရွာအချို့သို့ သောက်သုံးရေများ လှူဒါန်းပေးနေရ

ညောင်ဦးမြို့၌ ကျေးရွာရေလှောင်ကန်များ ရေခန်းခြောက်မှုများဖြစ်ပေါ်နေသဖြင့် ကျေးရွာအချို့သို့ သောက်သုံးရေများ လှူဒါန်းပေးနေရ

ညောင်ဦး၊ မတ် ၂၂

မန္တလေးတိုင်း ဒေသကြီးညောင်ဦးမြို့နယ်၌ မိုး ရွာသွန်းမှုနည်းပါးခဲ့သောကြောင့် ကျေးရွာများရှိ မြေသားမိုးရေ လှောင်ကန်ကြီးများ၌ ရေဝင်ရောက် မှုနည်းပါးကာ ဆောလျင်စွာ ရေခန်း ခြောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာအချို့သို့ သောက်သုံးရေ များလှူဒါန်းပေးနေရကြောင်း သိရ သည်။ ယခုအခါ ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာနှင့် လက်ပံပင် တဲတိုက်တို့၌ သောက်သုံးရေရှားပါး မှုအခက်အခဲများနှင့် ကြုံတွေ့နေရ သောကြောင့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂ လာပရဟိတရေလှူအသင်းတို့ ပူး ပေါင်း၍ မတ် ၂၁ရက်၊ နံနက် ပိုင်းက ရေသယ်ယာဉ်များဖြင့် သောက် သုံးရေများဖြန့်ဝေလှူဒါန်းပေးခဲ့ သည်။

''ကျွန်မတို့ညောင်ဦးမြို့နယ် က အပူပိုင်းဒေသမိုးနည်းရပ်ဝန်း ဒေသမှာပါဝင်နေတာကြောင့် နွေ ရာသီရောက်ပြီဆိုရင် ကျေးရွာအ များစုသောက်သုံးရေရှားပါးမှုတွေ နှစ်စဉ်ကြုံတွေ့နေရတယ်။ အခုနှစ် က ကျွန်မတို့မြို့နယ်မှာမိုးရွာသွန်း မှုကလည်း လျော့နည်းခဲ့တော့ ကျေး ရွာတွေတော်တော်များရှိ မြေသား မိုးရေလှောင်ကန်ကြီးတွေမှာ မိုးရေဝင်ရောက်မှုတွေနည်းပါးပြီး ဆောလျင်စွာရေခန်းခြောက်ခဲ့ တယ်'' ဟု လက်ပံပင်တဲတိုက်မှ ဒေ သခံတစ်ဦးက ပြောကြားသည်။ အဆိုပါဒေသသည် နွေရာသီ ရောက်ပြီဆိုပါက ကျေးရွာများ၌ နှစ်စဉ်သောက်သုံးရေရှားပါးမှု ပြဿ နာများကြုံတွေ့နေရသည့်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ နှင့် အလှူရှင်များက သောက်သုံးရေ များ လှူဒါန်းပေးနေရသည်။


''ခုလို နွေရာသီအချိန်ရောက် ပြီဆိုတာနဲ့ ကျွန်တော်တို့မနားရဘူး။ နေ့စဉ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို သောက်သုံးရေ သွားရောက်လှူဒါန်းပေးနေတယ်။ ဒီနေ့နံနက်ပိုင်း သောက်သုံးရေလှူ ဒါန်းပေးခဲ့တဲ့ကျေးရွာတွေကတော့ ကောင်းညိုကျေးရွာနဲ့ လက်ပံပင် တဲတိုက်တို့ဖြစ်ပါတယ်။ ပနီတွင်း ကျေးရွာအတွက် ရေဂါလန် ၃ဝဝဝ၊ စပါးသင်ကျေးရွာအတွက် ရေဂါလန် ၃ဝဝဝ လှူဒါန်းပေးခဲ့တယ်။ ဆက် လက်ပြီးတော့လည်း ကျွန်တော်တို့ ပရဟိတရေလှူအသင်းအနေနဲ့ သောက်သုံးရေအခက်အခဲကြုံတွေ့ နေတဲ့ ကျေးရွာတွေကို စဉ်ဆက် မပြတ် သွားရောက်လှူဒါန်းပေးသွား မှာပါ'' ဟု ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းမှ ဦးဇော်ပွေးက ပြောကြားသည်။


မြို့တွင်းရှိ အချို့ကျေးရွာများ ၌ အဝီစိစက်ရေတွင်းရှိသော်လည်း ရေချိုမရသည့်အတွက် သုံးရေ အဖြစ်သာအဆင်ပြေပြီး သောက်ရေ အတွက်အခက်ကြုံတွေ့ရကာ အဝီစီတွင်းမှ ရေချိုထွက်ရှိသည့် ကျေး ရွာများ၌လည်း လူဦးရေများပြီး ကျွဲ၊ နွား၊ တိရစ္ဆာန်များပါ မွေးမြူ ထားသောကြောင့် သောက်သုံး ရေမလောက်ငခြင်း ဖြစ်နေရကြောင်း သိရသည်။

YWN

#democracytoday

Rate this item
(0 votes)
back to top