HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ငလျင်ဘေးကြောင့် ပျက်စီးခဲ့သော စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားကြီး အကြီးစားဘက်စုံပြုပြင်မွမ်းမံမှု ပြန်လည်စတင်

ငလျင်ဘေးကြောင့် ပျက်စီးခဲ့သော စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားကြီး အကြီးစားဘက်စုံပြုပြင်မွမ်းမံမှု ပြန်လည်စတင်

စစ်ကိုင်း၊ ဧပြီ ၈- ငလျင်ဘေး ကြောင့် ပျက်စီးခဲ့သော စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ပန်းပဲ တန်းရပ်ကွက်ရှိ ရတနာစေတီ ဆင်များရှင်ဘုရားကြီး အကြီးစား ဘက်စုံ ပြုပြင်မွမ်းမံမှုကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။

ရတနာစေတီ ဆင်များရှင်ဘုရားကြီး အကြီးစားဘက်စုံ ပြုပြင်မွမ်းမံမှုကို သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ ရာတွင် ရာသီဥတုအခြေအနေ ကြောင့် လုပ်ငန်းများရပ်နားခဲ့ရာ မှ ယခု ဧပြီ ၇ ရက်မှစတင်၍ အကြီးစား ဘက်စုံပြုပြင်မွမ်းမံမှု များကို ပြန်လည်လုပ်ကိုင်နေခြင်း ဖြစ်သည်။

'' တမ္ပဝတီဦးဝင်းမောင်၊ သီတဂူအင်ဂျင်နီယာ ကိုချိုတို့ ဦးစီးပြီး မနေ့ကလုပ်ငန်းတွေပြန်လည် စတင်ဆောင်ရွက်ပါတယ်။ သီတဂူဆရာတော်ကြီးက တစ်နှစ်အတွင်း အပြီးပြင်မယ်လို့ မိန့်ကြားထား တာရှိပါတယ်''ဟု ဆင်များရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင် မျိုးလွင်က ပြောကြားသည်။

ရတနာစေတီ ဆင်များရှင် ဘု ရားကြီးမှာ ခေတ်အဆက်ဆက် ငလျင်ဒဏ် အကြိမ်ကြိမ်ခံခဲ့ရသဖြင့် လေးကြိမ် မြေခခဲ့ရပြီး၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရင်ပြင်တော်နှင့် စေတီလုံးပတ် အချို့နေရာများ အက် ကြောင်းများ ထင်ဟပ်ခြဲ့ပီး ထီးတော် မှ အရံစိန်ဖူးတော်နှင့် ရတနာ ပစ္စည်းအချို့ မြေခခဲ့သည်။

စေတီတော်ကြီးအား အကြီး စားဘက်စုံ ပြုပြင်မွမ်းမံရာတွင် ဂေါပကအဖွဲ့က သီတဂူဆရာတော်ကြီးထံမှ သြဝါဒခံယူ၍ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် တိုက်ဆိုင်၍ မူလပုံစံအတိုင်း ငလျင်ဒဏ်ခံ နိုင်အောင် ပြုပြင်ဆောင်ရွက်မည် ဖြစ်သည့်အတွက် စေတနာရှင် ကုသိုလ်ရှင်များ အနေဖြင့် ပါဝင်လှူ ဒါန်းလိုပါက ဂေါပက ရုံးဖုန်း ဝ၇၂-၂၁၂၇၁ သို့ဆက်သွယ်လှူ ဒါန်း နိုင်ကြောင်း သိရသည်။

DW

#YangonMediaGroup | #Democracytoday

Rate this item
(0 votes)
YMG

back to top