HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်လေးရာကျော် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ဟုဆို

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်လေးရာကျော်  ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ဟုဆို

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်လေးရာကျော် ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဧပြီ ၉ ရက်က သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ဧပြီ ၇ ရက်တွင် ကနီမြို့နယ်တွင် အမိုးလန်ပျက်စီး အိမ်(၅ဝ)ကျော်၊ ပြိုသည့်အိမ်သုံးလုံး၊ ကသာမြို့နယ်တွင် ပြိုသည့်အိမ်ခုနစ်လုံး၊ အမိုးလန် (၅၉)လုံးရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၈ ရက်တွင်လည်း ယင်းမာပင်မြို့နယ်တွင် အမိုးလန်(၃၄)အိမ်၊ ကနီမြို့နယ်တွင် အမိုးလန် အိမ်(၁၅)အိမ်၊ မိုးကြိုးပစ်၍စက် ကွင်းမိပြီး ဒဏ်ရာရရှိသူတစ်ဦး၊ မင်းကင်းမြို့နယ်တွင် စာသင် ကျောင်းတစ်ကျောင်း အမိုးလန်ပြီး မိုးကြိုးပစ်ခြင်းကြောင့် နွားတစ် ကောင် သေဆုံး၊ မော်လိုက်မြို့နယ်တွင် အမိုးလန်သည့်အိမ် (၃၄)အိမ်၊ ကျွန်းလှမြို့နယ်တွင် အမိုးလန်သည့်အိမ်(၄၃)အိမ်၊ ကန့်ဘလူ မြို့နယ်တွင် အမိုးလန်(၁၆၉)အိမ်၊ တန့်ဆည်မြို့နယ်တွင် အမိုးလန် သည့်အိမ်(၂၂)အိမ်၊ ဒီပဲယင်းမြို့နယ်တွင် အမိုးလန်သည့်အိမ်လေး အိမ်၊ ထီးချိုင့်မြို့နယ်တွင် အမိုးလန်နေအိမ်(၁၂)အိမ်၊ သစ်ကိုင်း ထိပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်(စ်)က''စစ်ကိုင်းတိုင်းအတွင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးတဲ့စာရင်းဖြစ်ပါတယ်။ နှစ်ရက်အတွင်းဖြစ်ပါတယ်။ ဧပြီလရှစ်ရက်နေ့မှာပဲ တမူးကလည်း (၁၂) အိမ်လောက်ရှိမယ်ပြောတယ်။ ကလေးကလည်း အိမ်ခြောက် ဆယ်လောက်ထိခိုက်သွားတယ်လို့ကြားတယ်။ စာရင်းအတိအကျ မသိရသေးဘူး စာရင်းကောက်နေဆဲဖြစ်ပါတယ်''ဟု ပြောသည်။ လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သ တိပေးနှိုးဆော်မှုများ ပြုလုပ်ထားပြီး လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။


ဦးစဝီလီဖရန့်(စ်)က''ဌာနအနေနဲ့ကတော့ ပြိုလဲအိမ်အတွက် တစ်သိန်းထောက်ပံ့ပါတယ်။ ကျန်တဲ့ အမိုးလန်တို့၊ အကာလန်တို့ ကတော့ ဖြစ်တဲ့အတိုင်းအတာပေါ်မူတည်ပြီး ထောက်ပံ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိတဲ့သူရှိရင် ငါးသောင်းထောက်ပံ့ပါတယ်။ သေဆုံးတဲ့သူဆိုရင်တော့ သုံးသိန်းထောက်ပံ့ပါတယ်။ နောက်ထောက်ပံ့ ပစ္စည်းတွေ ထောက်ပံ့ပေးတာတွေလည်းရှိပါတယ်''ဟု ပြောသည်။

AA

#democracytoday

Rate this item
(0 votes)
back to top