HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ခြင်နှိမ်နင်းရေးပြဿနာမှာ ရန်ကုန်တွင် အကြီးဆုံးစိန်ခေါ်မှုဖြစ်

ခြင်နှိမ်နင်းရေးပြဿနာမှာ ရန်ကုန်တွင် အကြီးဆုံးစိန်ခေါ်မှုဖြစ်

ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်တွင် ခြင်နှိမ်နင်းရေး ပြဿနာမှာ ရန်ကုန်တွင် အကြီးဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ပိုးမွှားနှိမ်နင်းကာကွယ်ရေးကုမ္ပဏီ Titan Pest Management ကုမ္ပဏီထံမှသိရသည်။ ပိုးမွှားနှိမ်နင်းရေးနှင့် ပတ်သက်၍ ရန်ကုန်တွင်အဓိကအ ဖြစ် ခြင်ပြဿနာကိုအများဆုံး တွေ့ နေရပြီး စားသောက်ဆိုင်နှင့် ရှော့ပင်းမောတို့တွင် ပိုးဟပ်ပြဿနာကို ကြုံတွေ့ရကြောင်း Titan Pest Management ကုမ္ပဏီ၏မန် နေဂျင်းဒါရိုက်တာ Mr- Krystian Zycinski-Singh က ပြောသည်။

ဧပြီ ၉ ရက် ရန်ကုန်မြို့ ဆူး လေရှန်ဂရီလာတွင် ပြုလုပ်သည့် ယင်းကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတိုးတက်လာမှု အခြေအ နေနှင့်လုပ်ငန်းချဲ့ထွင်/တိုးချဲ့မှု ကြေညာသည့် အခမ်းအနားအပြီးတွင် ၎င်းကပြောခဲ့ခြင်းဖြစ်သည်။ ''ကျွန်တော်တို့ကုမ္ပဏီအနေ နဲ့ မြန်မာနိုင်ငံကိုရောက်ရှိခဲ့တာသုံးနှစ်ရှိပြီ။ သုံးနှစ်အတွင်းအဓိက ခြင်ပြဿနာ အများဆုံးတွေ့နေရ တာဖြစ်ပါတယ်။ စားသောက်ဆိုင် နဲ့ ရှော့ပင်းမောတွေမှာပိုးဟပ်။ ပိုး ဟပ်ကလက်ရှိမှာ ထိန်းချုပ်လို့ရတဲ့အနေအထားမှာရှိတယ်။ ခြင် ကတော့ လက်ရှိမှာကြီးမားတဲ့ စိန် ခေါ်မှုဖြစ်နေတယ်''ဟု ၎င်းကပြောသည်။


ရန်ကုန်ပြည်သူများ အနေ ဖြင့် ပိုးမွှားနှိမ်နင်းရေး၊ ကျန်းမာ ရေးနှင့် သန့်ရှင်းမှုဆိုင်ရာအသိပညာနှင့် စည်းကမ်းတကျအမှိုက် စွန့်ပစ်မှု အားနည်းနေကြောင်း ၎င်းကပြောသည်။ ခြင်၊ ခြ၊ ပိုးဟပ်အစရှိသောပိုး မွှားများနှိမ်နင်းရေး လုပ်ဆောင်ပြီး သောနေရာ၏ နံဘေးပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်များရှိနေလျှင် ပိုးမွှားပေါက်ဖွားရန် အလားအလာများရှိသဖြင့် ပိုးမွှားနှိမ်နင်း ရေးလုပ်ဆောင်ခြင်းမှာ မအောင် မြင်နိုင်ကြောင်းသိရသည်။


စင်ကာပူနိုင်ငံတွင် National Environmental Agency အဖွဲ့ အစည်း၏ ဥပဒေအရမြေလွတ်၊ အဆောက်အအုံ စားသောက်ဆိုင်၊ နေအိမ်အစရှိသော နေရာများတွင် ပိုးမွှားကင်းရှင်းမှုရှိ၊ မရှိကို လိုက်လံ စစ်ဆေးပြီးတွေ့ရှိလျှင် ဒဏ်ကြေး ကောက်သည့်စနစ်ဖြင့် အရေးယူ ကာ ပိုးမွှားကာကွယ်ခြင်းကိုဆောင်ရွက်နေကြောင်းသိရ သည်။ မြန်မာနိုင်ငံတွင် ခြင်၊ ခြ၊ ပိုး ဟပ်အစရှိသည့် ပိုးမွှားများကို ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ် မရှိသေးကြောင်း ဥပဒေတစ်ရပ်ပေါ်ထွန်းလာစေရန် ကုမ္ပဏီအနေဖြင့် လိုအပ်သော အကူအညီများကို ပေးမည်ဖြစ်ကြောင်း သိရသည်။

TTMT , SYNO

#democracytoday

Rate this item
(0 votes)
back to top