HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည့် ခါကာဘိုရာဇီဒေသတွင် ကမ္ဘာပေါ်တွင် လုံးဝ မှတ်တမ်း မတင်ရသေးသည့် အပင်မျိုးစိတ်သစ်များ တွေ့ရှိထား

ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည့် ခါကာဘိုရာဇီဒေသတွင် ကမ္ဘာပေါ်တွင် လုံးဝ မှတ်တမ်း မတင်ရသေးသည့် အပင်မျိုးစိတ်သစ်များ တွေ့ရှိထား

ရန်ကုန်၊ ဧပြီ ၉

ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရန်ရှိသည့် ခါကာဘိုရာဇီဒေသတွင် ကမ္ဘာပေါ်တွင် လုံးဝမှတ်တမ်းမတင်ရသေးသည့် အပင်မျိုးစိတ်သစ်များ တွေ့ရှိထားကြောင်းသိရသည်။ အဆိုပါမျိုးစိတ်သစ်များကို NewYork Botanical  Garden အဖွဲ့မှ သုတေသနပြုရာမှ တွေ့ ရခြင်းဖြစ်ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန်ကြိုးပမ်း နေသည့် သစ်တောဦးစီးဌာနသို့ report များပေးပို့ထားသည် ဟုဆိုသည်။

''ခါကာဘိုရာဇီနဲ့ ပတ်သက်လို့ တရုတ်အဖွဲ့တွေရော၊ ကိုရီးယားအဖွဲ့ တွေပါ ကျွန်တော်တို့ အမေရိကန်က နယူးယောက် Garden ရော သူ့အပိုင်းနဲ့သူ လုပ်နေကြတယ်။ ကျွန် တော်ကတော့ NewYork  Botanical  Garden ရဲ့ မြန်မာပြည်အတွက် ဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေ တဲ့ တစ်ယောက်ပေါ့။ ကျွန်တော်တို့လည်း ကိုယ်တိုင်လေ့လာခဲ့တာ တွေကို ဘာပင်တွေ တွေ့တယ်။ သူ့ ရဲ့ identication တွေ တွေ့တာတွေ အကုန်လုံးကို အကြောင်းအရာ တွေကို သစ်တောဦးစီးဌာနကို အကုန်လုံး report  လုပ်ပါတယ်။ သစ်တော ဦးစီးဌာနက ကျွန်တော်တို့အဖွဲ့ရော အခြားအဖွဲ့တွေရော ပေးပို့တဲ့ report  တွေကိုစုစည်းပြီးတဲ့အခါမှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ် တင်တဲ့အခါမှာ အထောက်အကူရတယ်။ဒါက အပင်နဲ့ပတ်သက်လို့ ပေါ့။ အကောင်နဲ့ ပတ်သက်တာတွေလည်း ကျန်တဲ့အဖွဲ့တွေလုပ် နေတာရှိပါ တယ်။ အပင်နဲ့ပတ်သက်လို့ ကျွန် တော်တို့က တစ်စိတ်တစ်ပိုင်း ကူညီ တာပါ'' ဟု NewYork Botanical  Garden မှ Coordinator ရုက္ခ ဗေဒပညာရှင် ဒေါက်တာစောလွင်ကပြောသည်။


အပင်မျိုးစိတ်သစ်များကို ငါးမျိုးမှ ဆယ်မျိုးအထိ တွေ့ရှိထား ကြောင်းနှင့် နာမည်များပေးသွားဖို့ရှိကြောင်းသိရသည်။ ''တရုတ်အဖွဲ့တွေလည်း မြန်မာ ပြည်မှာအရင်တုန်းကမတွေ့ရတဲ့ အပင်အသစ်တွေလည်း အများကြီး တွေ့တယ်လို့ပြောပါတယ်။အဲဒါ အပြင်ကမ္ဘာပေါ်တွင် လုံးဝမှတ် တမ်းမတင်ရသေးတဲ့ မျိုးစိတ်အသစ် တွေ ၁ဝ မျိုး၊ ၁၅ မျိုးလောက်တွေ့တယ်။ ကျွန်တော်တို့အဖွဲ့လည်း သေချာမထုတ်ပြန်ရသေးဘူး။ ဒါပေမဲ့ ကျွန်တော် သိရသလောက်တော့ ငါးမျိုး၊ ဆယ်မျိုး လောက်ရှိပါတယ်။ ဒါတွေကလည်း နိုင်ငံတကာက အသိ အမှတ်ပြုတဲ့ဂျာနယ်တွေ မဂ္ဂဇင်း တွေ သိပ္ပံနဲ့ဆိုင်တဲ့ဂျာနယ်၊ မဂ္ဂဇင်း တွေမှာ ထည့်မှပဲသိမှာ။ မျိုးစိတ်အသစ်တွေနာမည်အသစ်တွေပေါ့။ ရေခဲတောင်ဒေသမှာ ပေါက်ရောက်တဲ့ Snow Line အထိ ရောက်တယ်။ သစ်ပင်တွေ ပေါက်ရောက်တဲ့နေရာ တွေကို သွားကြတာပေါ့။ ပေတစ် သောင်းအောက်ပိုင်းတွေ သွားခဲ့တာ ပေါ့။ အချို့မျိုးစိတ်တွေဆိုရင် မြန်မာ ပြည်မှာမှတ်တမ်းမတင်ရသေးတဲ့ မျိုးစိတ်တွေ၊ သိပ်ထူးထူးခြားခြားကြီး တော့ မဟုတ်ဘူးပေါ့။ မျိုးစိတ်အသစ် တွေပေါ့။ အချို့ကျတော့ သိပ်ကြီးပြီး လှနေတာမဟုတ်ဘူးပေါ့။ ရုက္ခ ဗေဒအရ ထူးခြားတဲ့အရာတွေပေါ့။ မြန်မာနာမည်ပေးတယ်။ တရုတ်တွေ ဆိုရင်ပေးတယ်။ ဥပမာဆနယ်ဂျနီ ဆိုတဲ့သစ်ခွဆိုပါတော့ ဆနယ်ဂျနီပူတာအိုရမ်စစ်တို့ ဘာတို့ ပေးတယ်။ များသောအားဖြင့် အမည်ပေးတာက အပင်ရဲ့ပုံသဏ္ဌာန်နဲ့ အပွင့်ပုံသဏ္ဌာန် အပေါ်ပေးတယ်။ ဒုတိယက ပေါက် တဲ့ဒေသနဲ့ နောက်ဆုံးကတော့ တွေ့ တဲ့သူရဲ့နာမည်ပေးပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

 

ယင်းကဲ့သို့ ခါကာဘိုရာဇီ ဒေသကို ကမ္ဘာ့အမွေအနှစ် တင်သွင်းခြင်းနှင့်ပတ်သက်၍ ဒေသခံများနေ ဖြင့် သေချာနားလည်မှုမရှိသေး ကြောင်းနှင့် ပညာရှင်များက ကောင်းသည်ဟု ပြောကြသဖြင့် ကောင်းမည်ဟု ယူဆရကြောင်း ဒေသခံ ကိုယောဆက်က ဒီမိုကရေစီတူဒေးသို့ ပြော ပြသည်။ 

TTHL

#democracytoday

Rate this item
(0 votes)
back to top