HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ဌာနကို ၂၄ နာရီဖွင့်ထားမည် လူနာကုသခြင်းကို ယာယီရပ်ဆိုင်းထားသည် ဆိုသော ဗီနိုင်းမှာ ဇာတ်တိုက်လေ့ကျင့်ရာတွင် သုံးသည့် ကြေညာချက်သာဖြစ် ဟုဆို

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ဌာနကို ၂၄ နာရီဖွင့်ထားမည် လူနာကုသခြင်းကို ယာယီရပ်ဆိုင်းထားသည် ဆိုသော ဗီနိုင်းမှာ ဇာတ်တိုက်လေ့ကျင့်ရာတွင် သုံးသည့် ကြေညာချက်သာဖြစ် ဟုဆို

ရန်ကုန်၊ ဧပြီ ၁ဝ 

ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာနတွင် အရေးပေါ်အခြေအနေ ကြောင့် သာမန်အရေးပေါ်လူနာကုသခြင်းအား ယာယီရပ်ဆိုင်းထားသည်ဆိုသည့် ကြေညာချက်မှာ သင်္ကြန်တွင်းအရေးပေါ်အခြေ အနေအတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ရာတွင် အသုံးပြုရသော ကြေညာချက်ဗီနိုင်းသာဖြစ်နေပြီး အရေးပေါ်ဌာနက ယာယီပိတ် ခြင်းမရှိဘဲ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားကြောင်းသိရသည်။ လူမှုကွန်ရက်ပေါ်တွင် ''ပြည် သူလူထုသို့ အသိပေးကြေညာချက်၊ လတ်တလောအခြေအနေသည် အရေးပေါ်အခြေအနေဖြစ်သော ကြောင့် သာမန်အရေးပေါ်လူနာကုသခြင်းအား ယာယီရပ်ဆိုင်း ထားပါသည်။ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပါမည်။တာဝန်မှအပ မဝင်ရ။ အရေးပေါ်ဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး''ဟု ရေးသားထားသော ဗီနိုင်း ဓာတ်ပုံချိတ်ဆွဲထားသည့်ပုံများ ပျံ့နှံ့လာခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အ ရေးပေါ်ဌာနမှ ပါမောက္ခဒေါက် တာမော်မော်ဦးက ''ကြေညာချက် ဗီနိုင်းကတော့တို့ဆီကဟုတ်တယ်။ ဒါပေမဲ့ ဒီကြေညာချက်ကို ကပ်ပြီးအထဲမှာ ဆရာတို့အဖွဲ့တွေက ဇာတ်တိုက်လေ့ကျင့်ခန်းတွေ လုပ်နေတာ။ ဇာတ်တိုက်လေ့ကျင့် ခန်းတွေအတွက် အသုံးပြုရတဲ့ ကြေညာချက်ပေါ့။ တကယ်မဟုတ်ဘူး။ ကြိုတင်ဇာတ်တိုက်လေ့ကျင့်တာ။ ဥပမာ လူတွေအစုလိုက် အပြုံလိုက်ဒဏ်ရာရရင် ဘယ်လို တွေလုပ်ကြမလဲ။ ဗုံးပေါက်ပြီး လူနာတွေအများကြီးရောက်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဒီနေ့ (ဧပြီလ ၁ဝ ရက်)မှာ ဆရာတို့ အ ရေးပေါ်ဌာနက အဖွဲ့ဝင်တွေက ကြို တင်ဇာတ်တိုက်ပြီး လေ့ကျင့်နေ ကြတာဖြစ်ပါတယ်။ အရေးပေါ် အခြေအနေအတွက် ကြိုတင်ဇာတ် တိုက်လေ့ကျင့်ခဲ့တာပါ။ အခု တော့ ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြီးသွားပြီဖြစ်တဲ့အတွက် အရေး ပေါ်ဌာနက ပုံမှန်ပြန်ဖွင့်ထားပါတယ်။ သင်္ကြန်တွင်းမှာလည်း ၂၄ နာရီဖွင့်လှစ်ထားပါတယ်''ဟု ဧပြီ ၁ဝ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောပြသည်။


ဧပြီ ၁ဝ ရက်တွင် သင်္ကြန်တွင်းတွင် ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေ၊ လူအစုလိုက် အပြုံလိုက်ဒဏ်ရာရလျှင် ဆောင်ရွက်ရမည့် အခြေအနေ များကို ကြိုတင်ဇာတ်တိုက်ရန် အတွက် ယင်းကြေညာချက်ဗီနိုင်းကို ခဏအသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခု ဇာတ်တိုက်လေ့ကျင့်မှုများပြီး သွား ပြီ ဖြစ်သဖြင့် ကြေညာချက်ဗီနိုင်း လည်းမရှိတော့သလို အရေးပေါ် လူနာများကို ၂၄ နာရီပတ်လုံး ကုသပေးလျက်ရှိကြောင်း သိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top