HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကလေးမြို့၌ လူရှိုင်းလူမျိုးတို့၏ ''ကြပ်ကြာရ်ကုသ်'' ပွဲတော် စတင်ကျင်းပ

ကလေးမြို့၌ လူရှိုင်းလူမျိုးတို့၏ ''ကြပ်ကြာရ်ကုသ်'' ပွဲတော် စတင်ကျင်းပ

ကလေး၊ ဧပြီ ၁ဝ

ချင်းပြည်နယ် မဏိပူရ မြစ်နှင့် တီအိုချောင်းအကြား၌ နေထိုင် ကြသည့် လူရှိုင်းလူမျိုး (ဒေသခံတို့အခေါ် လူဆိုင်လူမျိုး)တို့၏ ကြပ်ကြာရ်ကုသ်ပွဲတော်ကို ဧပြီ ၁ဝ ရက်မှ ဧပြီ ၁၂ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တာဟန်းရပ်ကွက်၌ ရိုးရာကပွဲများ၊ ရိုးရာနပန်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စတင်ကျင်းပနေကြောင်း သိရသည်။

''ကျွန်တော်တို့ လူရှိုင်းတို့ရဲ့ ရိုးရာ ကြပ်ကြာရ်ကုသ် (CHAP CHAP KUT) ပွဲ တော်ကို မြန်မာလို သင်္ကြန်နီးကာလ၊ မတ်လကုန်ရက်တွေမှာကျင်းပပါတယ်၊ အခုနှစ်မှာလည်း ရိုးရာမပျက်ကျင်းပတာပါ၊ လူရှိုင်းလူမျိုးတို့ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရိုးရာပွဲဖြစ်ပါတယ်'' ဟု ပွဲတော်ကျင်းပ ရေးတာဝန်ခံ ဦးရဲထွဋ်ဝင်း( ZODI)က ဧပြီ ၁ဝ ရက်တွင် ပြောကြားသည်။

 

ချင်းပြည်နယ်မှ ချင်းတိုင်းရင်းသားတို့သည် နှစ်စဉ်ပွဲတော် ၁၈ မျိုး ကျင်းပ လေ့ရှိပြီး ယင်းပွဲများတွင် လူရှိုင်းတို့၏ ကြပ်ကြာရ်ကုသ်ပွဲလည်း အပါအဝင်ဖြစ် ပြီး လူရှိုင်းလူမျိုးတို့တွင် နှစ်စဉ်စည်ကားစွာ ကျင်းပသည့်ပွဲ သုံးပွဲရှိရာ ကြပ်ကြာရ်ကုသ် (CHAP CHAP KUT)၊ မိမ်းကုသ် (MIN KUT) နှင့် ပေါလ်ကုသ် (PAWL KUT) ပွဲဟူ၍ ကျင်းပကြသည်။


ချင်းပြည်နယ်၌ နေထိုင်သည့် လူရှိုင်း လူမျိုးများမှာ နေရာအနှံ့နေထိုင်မှုများလာပြီး ကလေးမြို့နယ်၌လည်း နေထိုင်မှုများလာသည်။ ယခုကျင်းပသည့်ပွဲတော်ကို ရှေးယခင်အခါက ရက်ရှည်ကျင်းပသော်လည်း ယခုအခါ အခြေအနေအရ တစ်ရက် ဖြင့်လည်းကောင်းသုံးရက်ဖြင့်လည်း ကောင်း အပြီးဆောင်ရွက်ကြကြောင်း သိရသည်။


ကြပ်ကြာရ်ကုသ်ပွဲတော်ကျင်းပရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်းထောင်ထန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၊ ကလေးခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက် ရောက်ကြကြောင်းသိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top