HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ယခုနှစ် မန်းသင်္ကြန် သံချပ်ပြိုင်ပွဲတွင် ''ရွှေလက်ညှိုး'' သံချပ်အဖွဲ့ ပါဝင် ယှဉ်ပြိုင်မည်

ယခုနှစ် မန်းသင်္ကြန် သံချပ်ပြိုင်ပွဲတွင် ''ရွှေလက်ညှိုး'' သံချပ်အဖွဲ့ ပါဝင် ယှဉ်ပြိုင်မည်

မန္တလေး၊ ဧပြီ ၁ဝ

အထက်မြန် မာပြည်ရှိ တက္ကသိုလ်အသီးသီးမှ ဗကသကျောင်းသားများစုပေါင်း ဖွဲ့စည်းထားသည့် ''ဟိုထိုး..ဒီထိုး ..ရွှေလက်ညှိုးသံချပ်အဖွဲ့''သည် ယခင်နှစ်သင်္ကြန်က အမည်ပျက် စာရင်းထည့်သွင်းခြင်းခံခဲ့ရသော်လည်း ယခုနှစ်မန္တလေးသင်္ကြန်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။

''ယခုနှစ်အတွက် သံချပ်စာသားတွေမှာ မြစ်ဆုံကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စနဲ့အလုပ် မဖြစ်သော ပွဲတက်ဝန်ကြီးတွေကို ထောက်ပြဝေဖန်တဲ့ သံချပ်စာသား တွေပါဝင်မယ်။ ပြည်သူလူထု အ များစုကို ဖျော်ဖြေချင်တယ်။ ချပြ ချင်တယ်။ စင်ပေါ်တီဗွီက တိုက်ရိုက်လာတဲ့ သံချပ်အစီအစဉ်ကို တစ်နိုင်ငံလုံးက ကြည့်နေတယ်။ ဒါကြောင့် စင်ပေါ်ကိုလည်း တက် ရောက်ဖျော်ဖြေချင်တာပါ'' ဟု ရတနာပုံတက္ကသိုလ် ကျောင်းသား များသမဂ္ဂ(ဗကသ)ဥက္ကဋ္ဌ ကိုကျော် သီဟရဲကျော်က ပြောကြားသည်။

 

၂ဝ၁၈ ခုနှစ် မြို့တော်ဝန် မဏ္ဍပ်တွင် ကျင်းပခဲ့သည့် သံချပ် ပြိုင်ပွဲတွင် သတ်မှတ်ထားသော ပြိုင်ပွဲဝင်စည်းကမ်းများကို ဖောက်ဖျက်သောကြောင့် ဒိုင်အဖွဲ့နှင့် သံချပ်စာသားစိစစ်ရေးကော်မတီ တို့က ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)က တည် ထောင်ထားသည့် ရွှေလက်ညှိုး သံချပ်အဖွဲ့ကို အမည်ပျက် (BlackList) စာရင်းထည့်သွင်းခဲ့ ခြင်းဖြစ်သော်လည်း ကျောင်းသားများက ယခုနှစ်တွင် စည်းကမ်းချက်များအတိုင်းလိုက်နာပါမည်ဟု တာဝန်ရှိသူများအား ပြန်လည်ပြော ဆိုခဲ့မှုကြောင့် ပြန်လည်ပါဝင်ခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။


၂ဝ၁၈ ခုနှစ်က ပြိုင်ပွဲဖျော် ဖြေရေးအတွက် သတ်မှတ်ထားသည့် အချိန် မိနစ် ၃ဝ ပြည့်သောအခါ အသံချဲ့စက်များကို သံချပ် ကော်မတီက ပိတ်ချခဲ့သော်လည်း ကျန်ရှိနေသေးသည့် သံချပ်စာသားများကို ပြီးဆုံးသည်အထိ စင်ပေါ်တွင် ဆက်လက်ဖျော်ဖြေခဲ့သည့်အ တွက် နောင်နှစ်တွင် ရွှေလက်ညှိုး သံချပ်အဖွဲ့ကို စင်ပေါ်အတက်မခံရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုနှစ် သံချပ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် သံချပ်အဖွဲ့ခြောက်ဖွဲ့ အမည်စာရင်းပေးသွင်းထား ကြောင်းသိရသည်။

MTK

#democracytoday

Rate this item
(0 votes)
back to top