HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဇေယျာသီရိမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိ

ဇေယျာသီရိမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိ

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ၁၆၄၅ အချိန် ဇေယျာသီရိမြို့နယ်၊ ခမရ(၃၀၅)အနီး သံတမန်လမ်း၌ သံတမန်လမ်းအတိုင်း ကျီတောင်ကျေးရွာဘက်မှ သူရဲကောင်းဗိမာန်ဘက်သို့ အောင်ကိုသက် (၃၇)နှစ်၊ သိုက်ချောင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်သည့် NPW 8G/×××× Lite Ace သင်္ကြန်လည်ပတ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဓာတ်တိုင်အား တိုက်မိ၍ တိမ်းမှောက်ခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာနေ ၂၄ ဦး (ကျား ၁၂၊ မ ၁၂)အနက် မျိုးမင်းထိုက်(၂၀)နှစ်ပါ ကျား ၂ ဦးတွင် ဉီးခေါင်းပိပြားဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယဉ်မိုးအေး(၁၃)နှစ်တွင် နှာခေါင်းပွန်းဒဏ်ရာ(သတိမရ-စိုးရိမ်ရ)နှင့် မောင်ချစ်မွှေး (၃၀)နှစ်ပါ ၂၀ ဦး (ကျား ၉၊ မ ၁၁)တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ယာဉ်မောင်း အောင်ကိုသက်(၃၇)နှစ်အား ရေဆင်းနယ်မြေရဲစခန်းယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MHA

Rate this item
(0 votes)
YMG

back to top