HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်း ပြိုင်ပွဲဖြစ်သည့် HUAWEI NEXT-IMAGE Awards 2019 ပြိုင်ပွဲစတင်

ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်း ပြိုင်ပွဲဖြစ်သည့် HUAWEI NEXT-IMAGE Awards 2019 ပြိုင်ပွဲစတင်

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် HUAWEI သည် ၄င်း၏ တတိယအကြိမ်မြောက် HUAWEI NEXT-IMAGE Awards အား မတ်လ ၂၆ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ကမ္ဘာတစ်လွှားတွင်ရှိသည့် အတတ်ပညာရှင်များမှ မတ်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လျှောက်လွှာများတင်သွင်းနိုင်မည်ဖြစ်ပြီး ၄င်းတို့၏ လက်ရာများအား ကမ္ဘာတစ်လွှားရှိ နာမည်ကြီး ဓာတ်ပုံဆရာများ ၊ ကျွမ်းကျင်ပညာရှင်များ နှင့် အမြင်ပိုင်းဆိုင်ရာ အနုပညာရှင်များ မှ အကဲဖြတ်သွားမည်ဖြစ်သည်။

2019 HUAWEI NEXT-IMAGE Awards မှ HUAWEI စမတ်ဖုန်း သုံးစွဲသူများအား ၄င်းတို့၏ အကောင်းဆုံးသော လက်ရာများအား ကမ္ဘာတစ်လွှားတွင်ရှိသည့် သုံးစွဲသူများထံသို့ ပြသနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။ ၃ နှစ်မြောက်အဖြစ် ကျင်းပသည့် ယခု ဆုပေးပွဲတွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း ၅၅,၀၀၀ ကျော် ဖြင့် ကမ္ဘာ့နာမည်အကြီးဆုံး စမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်း ပြိုင်ပွဲ အဖြစ် လူသိများလျှက်ရှိသည်။

HUAWEI သည် ၄င်း၏ မိုဘိုင်းဓာတ်ပုံပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုကြောင့် လူသိများလျှက်ရှိပြီး ၄င်း၏ Flagship စမတ်ဖုန်းများသည် တီထွင်ဆန်းသစ်သည့် နည်းပညာများ နှင့် အကောင်းဆုံးအဆင့်ရှိသည့် ကင်မရာများ ကြောင့် လူသိများလျှက်ရှိသည်။ အကောင်းမွန်ဆုံးသော ပုံရိပ်ရိုက်ကူးခြင်း အတွေ့အကြုံများအား စဉ်ဆက်မပြတ် ပေးအပ်လိုသော HUAWEI ၏ စိတ်ဆုံးဖြတ်ကြောင့် NEXT-IMAGE Awards အား ၂၀၁၇ ခုနှစ်ထဲမှ စတင်ကာ Huawei ၏ အဓိကကျသည့် စမတ်ဖုန်းဓာတ်ပုံပြိုင်ပွဲ အဖြစ် ရပ်တည်လျှက်ရှိသည်။

Handsets Product Line of HUAWEI Consumer Business Group ၏ Vice President တစ်ဦးဖြစ်သည့် Li Changzhu မှ “ ဒီဂျစ်တယ် ဓာတ်ပုံတွေရဲ့ တိုးတက်မှုတွေကနေတဆင့် ကမ္ဘာအနှံ့မှာရှိတဲ့ Huawei သုံးစွဲသူတွေကို အဆင့်မြင့်မားတဲ့ ပုံရိပ်ရိုက်ကူးခြင်း နဲ့ အမြင်အာရုံပိုင်းဆိုင်ရာ ထုတ်ဖော်ပြသခြင်း အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားလျှက်ရှိပါတယ်။ ဒီ HUAWEI NEXT-IMAGE Awards ဟာဆိုရင်လည်း အခုလိုမျိုး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ရှိအောင် ကူညီလျှက်ရှိပြီး လျှောက်လွှာအရေအတွက်ကလည်း ယခင်နှစ်တွေနဲ့ ယှဉ်ရင် နှစ်ဆ ခန့် တိုးတတ်လာခဲ့ပါတယ်။ အခုဆိုလည်း ပေးအပ်နေတဲ့ ဆုတံဆိပ်တွေကနေတဆင့် နောင်အနာဂတ်မှာ ပေါ်ထွက်လာနိုင်တဲ့ ဒီဂျစ်တယ် ဓာတ်ပုံပညာရှင် ( Digital Artist) တွေကို အရည်အသွေးအကောင်းဆုံးသော ကိရိယာများ ပေးစွမ်းနိုင်ရန်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ပုံဖော်လျှက်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

2019 HUAWEI NEXT-IMAGE Awards အား ‘#Emotion Tag’, ‘Hello, Life!’, ‘Faces’, ‘Going the Distance’, ‘Life Now’ and ‘Storyboard’ ဟု အမည်ရသည့် အမျိုးအစား ၆ မျိုးဖြင့် ခွဲခြားသွားမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင် ချမှတ်ခဲ့သော အမျိုးအစား ၃ မျိုး ပြန်လည်ပါဝင်ခဲ့ပြီး အမျိုးအစားသစ် ၃ မျိုးအား ယခုနှစ်အတွက် ထပ်မံ ထည့်သွင်းလာခဲ့သည်။ ယခုနှစ်တွင် အသစ်ထည့်သွင်းလာသည့် ‘#Emotion Tag’ သည် ရုတ်တရက်ဖြစ်ပေါ်လာသည့် ခံစားချက်အား စမတ်ဖုန်း ဓာတ်ပုံများမှတဆင့် ဖော်ပြခြင်းဖြစ်ပြီး ၊ ‘Going the Distance’ သည် ဖုန်းကင်မရာတွင် တွေ့ရှိရသည့် လုပ်ဆောင်ချက်အသစ်များ (အထူးသဖြင့် Zoom လုပ်ဆောင်ချက်များဖြင့်) နေရာအသစ်များ နှင့် အတွေ့အကြုံသစ်များအား ရှာဖွေခြင်းဖြစ်သည်။ ထို့အပြင် ‘Life Now’ သည် ဇာတ်လမ်းတစ်ပုဒ်အား စက္ကန့် ၃၀ အတွင်း ရိုက်ကူးခြင်းဖြစ်သည်။

Grand Prize Winner အား HUAWEI P30 Pro စမတ်ဖုန်း အပြင် US$ 20,000 ချီးမြှင့်မည်ဖြစ်ပြီး Paris မြို့တွင် ကျင်းပမည့် NEXT IMAGE Awards အခမ်းအနားအား တတ်ရောက်ခွင့် ရရှိမည့်အပြင် ဂုဏ်ပြုသည့် ဆုတံဆိပ် (သို့မဟုတ်) certificate ရရှိမည်ဖြစ်သည်။ ထို့အပြင် အခြား သတ်မှတ်ထားသည့် အမျိုးအစား ၆ မျိုးအတွက် အနိုင်ရရှိသူ အသီးသီးမှလည်း US$ 6,000 အသီးသီး ရရှိမည့်အပြင် HUAWEI P30 Pro ၊ ဆုတံဆိပ် (သို့) certificate နှင့် Awards Ceremony အား တတ်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ Runner-Up ဆုတံဆိပ်ပေါင်း ၅၀ အားလည်း ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ Runner-Up များအား HUAWEI P30 Pro များ ပေးအပ်သွားမည်ဖြစ်သည်။

လျှောက်လွှာလက်ခံမှုများအား ဇူလိုင်လ ၃၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး အနိုင်ရရှိသူအား စက်တင်ဘာလ ၉ ရက်နေ့တွင် ကြောညာသွားမည်ဖြစ်သည်။ 2019 HUAWEI NEXT-IMAGE Awards အခမ်းအနားအား Paris Photo 2019 ၌ နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်သည်။ ထပ်မံသိရှိလိုသည်များအား https://gallery.consumer.huawei.com နှင့် တရားဝင် Instagram Account ဖြစ်သည့် www.instagram.com/huaweinextimage/ မှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Rate this item
(0 votes)
YMG

back to top