HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကွန်ဂိုနိုင်ငံတွင် သင်္ဘောမှောက်၊ ၁ဝ၄ ဦးသေဆုံး

ကွန်ဂိုနိုင်ငံတွင် သင်္ဘောမှောက်၊ ၁ဝ၄ ဦးသေဆုံး

ဂိုမာ၊ ဧပြီ ၁၉ - ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံအရှေ့ပိုင်း၊ တောင်ကီဗူပြည် နယ်ရှိ ကီဗူရေအိုင်တွင် သင်္ဘော မှောက်မှုဖြစ်ပွားခဲ့ရာလူ ၁ဝ၄ ဦး သေဆုံးခဲ့ကြောင်းသက်ဆိုင်ရာက ပြောကြားချက်ကို ဆင်ဟွာသတင်း ကဧပြီ ၁၉ ရက်တွင်ဖော်ပြလိုက် သည်။

သမ္မတဖိလစ်တီရှီဆေကီဒို သည် သင်္ဘောမှောက်သည့်နေရာ သို့ သွားရောက်ခဲ့ပြီး ဒေသဆိုင် ရာအရာရှိများနှင့်သင်္ဘောမှောက် ရာတွင် သေဆုံးသွားသူများ၏ မိ သားစုများနှင့်တွေ့ဆုံကာ အားပေး စကားပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ ကာလေဟီ နယ်မြေအုပ်ချုပ်ရေးမှူးက သမ္မတ အားပြောကြားရာတွင် သင်္ဘောမှာ ဂိုမာမြို့မှစတင်ထွက်ခွာခဲ့ရာ ကန ဦးလူ ၄၉ ဦးနှင့်ကုန်များ တင် ဆောင်ခဲ့ကြောင်း၊ သို့ရာတွင်လမ်း ခရီးတစ်လျှောက်တွင် လမ်းခရီးရှိ ကျေးရွာများမှ လှေများဖြင့်လူများ ကုန်များကို သင်္ဘောပေါ်သို့တင်ပေး ခဲ့ကြရာ သင်္ဘော၏တင်နိုင်သော ဝန်ထက်ပို၍များလာကာ တိမ်း မှောက်ခြင်းဖြစ်ရသည်ဟု ပြောကြား ခဲ့သည်။

လူပေါင်း ၁၅ဝ တွင်လူ ၁ဝ၄ ဦးသေဆုံးကြောင်း သက်ဆိုင်ရာက အတည်ပြုခဲ့သည်။ လူ ၃ဝ ခန့်ကိုမူ အသက်မသေကယ်တင်နိုင်ခဲ့ ကြောင်း၊ သင်္ဘောမှောက်ရခြင်းမှာ လူပို၍တင်ဆောင်ခြင်းနှင့် သင်္ဘော မောင်းနှင်မှုမကျွမ်းကျင်ခြင်းတို့ ကြောင့်ဖြစ်ရကြောင်း ဒေသဆိုင် ရာအာဏာပိုင်များ က သမ္မတထံ သို့အစီရင်ခံခဲ့ကြသည်။

သမ္မတဖိလစ်တီရှီဆေကီဒို က နိုင်ငံတော်ဝမ်းနည်းခြင်းနေ့တစ် နေ့အဖြစ် သတ်မှတ်ကြေညာခဲ့ သည်။

ထို့အပြင် နောင်တွင်ဘေး ကင်းလုံခြုံရေးရှိစေရန် အမိန့်တစ် ရပ်ထုတ်ပြန်ခဲ့ရာ ကီဗူရေအိုင်တွင် ခုတ်မောင်းသော သင်္ဘောများ တွင် စီးနင်းလိုက်ပါသူခရီးသည် အားလုံးသည် အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားကြရမည်ဟု ဖော်ပြ ခဲ့သည်။

Ref:Xinhua

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top