HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများအတွက် နည်းပြရာထူး ၂ဝဝ ကျော်ခေါ်ယူ

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများအတွက် နည်းပြရာထူး ၂ဝဝ ကျော်ခေါ်ယူ

ရန်ကုန်၊ ဧပြီ ၁၉ - နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနအောက်ရှိ သင်တန်း ကျောင်းများအတွက် နည်းပြရာ ထူး ၂ဝဝ ကျော်ကို ခေါ်ယူထား ကြောင်းသိရသည်။

နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာနအောက် ရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း နှင့် ဌာနများအတွက် လစ်လပ် လျက်ရှိသော နည်းပြရာထူး B.E(Civil, EC,EP,Mech) ဘာသာရပ်များအတွက် ဦးရေ ၂ဝဝ၊ M.A(Myan) ဘာသာရပ်အတွက် ၄၈ ဦး စုစုပေါင်း ၂၄၈ နေရာ အတွက် ပြင်ပပုဂ္ဂိုလ်များနှင့် ဝန် ထမ်းများ လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။

နည်းပြရာထူးအတွက် လျှောက် ထားလိုသူများသည်ပြင်ပ ပုဂ္ဂိုလ် ဖြစ်ပါက အသက်(၃ဝ)နှစ် ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက (၃၅)နှစ်ထက် မကျော်လွန်သူများ ဖြစ်ရန်လိုအပ်ကြောင်း နီးစပ်ရာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လျှောက်လွှာထုတ်ယူပြီး မေ ၁၆ ရက်နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း ဝန်ထမ်း များသည် သက်ဆိုင်ရာဌာနအကြီး အကဲ ခွင့်ပြုချက်များ လိုအပ်မည် ဖြစ်ကြောင်း နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန က ကြေညာထားသည်။

လျှောက်ထားလာသူများထဲ မှသတ်မှတ်ချက် ကိုက်ညီသူများ ကို အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တ လေး)နှင့်အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တို့တွင် ရေးဖြေစာမေးပွဲ ကျင်းပပြီး စစ်ဆေးမည်ဖြစ်ကြောင်း ရေးဖြေကို ဇွန် ၁ ရက်တွင် သက် ဆိုင်ရာဘာသာရပ်နှင့် အင်္ဂလိပ်စာ တို့အား စစ်ဆေးမည်ဖြစ်ကြောင်း ရေးဖြေအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းအား ဆက် လက်ဆောင်ရွက်မည်ဖြစ်သည်။

ရေးဖြေနှင့်လူတွေ့စစ်ဆေး မှု အောင်မြင်သူများစာရင်းကို www.tvetmyanmar.gov.mm/my/news-events/announcements နှင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အစိုးရနည်းပညာကော လိပ်၊ သိပ္ပံ၊ ကျောင်းနှင့်ဌာနများတွင် ကြေညာပေး သွားမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်း၂ဝ ကျော်ရှိသည်။

ATK

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top