HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စစ်ကိုင်း တိုင်းဒေသကြီးတွင် နှစ်လကျော်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၃ဝဝ ကျော် ပျက်စီးခဲ့

စစ်ကိုင်း တိုင်းဒေသကြီးတွင် နှစ်လကျော်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၃ဝဝ ကျော် ပျက်စီးခဲ့

မုံရွာ၊ ဧပြီ ၂ဝ 

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယခုနှစ်နွေရာသီကာလ ဖေဖော်ဝါရီ ၁၆ ရက်မှ ဧပြီ ၂ဝ ရက်အထိ နှစ်လကျော် ကာလအတွင်း လေပြင်းနှင့် လေ ဆင်နှာမောင်းတို့ တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၃ဝဝ ကျော် ပျက်စီးခဲ့ ကြောင်း တိုင်းဒေသကြီး ဘေးအ န္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။

ပျက်စီးမှုများတွင် သင်္ကြန်တွင်း ကာလအတွင်း လေတိုက်ခတ်မှု ကြောင့် ပျက်စီးမှုပိုမိုများပြားပြီး အိမ်ခြေ ၅ဝဝကျော်ထိ ပျက်စီးခဲ့ကာ ဧပြီ ၁၈ ရက် ညနေပိုင်းက တိုက် ခတ်ခဲ့သော လေပြင်းကြောင့် မုံရွာ ခရိုင် အရာတော်မြို့နယ်အတွင်း ကျေးရွာ ခုနစ်ရွာ၊ ယင်းမာပင်မြို့ နယ်၊ ဆားလင်းကြီးမြို့နယ်၊ ဝက် လက်မြို့နယ်တို့ရှိ ကျေးရွာများတွင် ဘုရားစေတီနှစ်ဆူထီးတော် မြေခ ခြင်းနှင့် အိမ်ခြေ ၄၇ဝ ခန့် ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည်။ ''ပျက်စီးဆုံးရှုံးမှုတွေကို ကွင်း ဆင်းစာရင်းကောက်ပြီး တိုင်းအစိုး ရအနေနဲ့ ချက်ချင်းထောက်ပံ့ ပေးမှုတွေ လုပ်နေပါတယ်'' ဟု လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောကြားသည်။


စစ်ကိုင်းတိုင်းဒေသကြီးတွင် လေပြင်း တိုက်ခတ်မှုများကြောင့် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ရာ ပျက်စီးမှုအလိုက် ထောက်ပံ့ကူညီ မှုများပြုလုပ်ခဲ့ပြီး ကျပ်သိန်း ၁ဝဝဝ ကျော်ဖိုးထောက် ပံ့ပြီးဖြစ်ကြောင်း သိရသည်။ ''အသက် ၄ဝ ကျော်ရှိပြီ။ ဒီလို တိုက်တဲ့လေမျိုးတစ်ခါမှမကြုံ ဖူးဘူး'' ဟု လေပြင်းဒဏ်ခံခဲ့ရသည့် အရာတော်မြို့နယ် ဝါးတန်းရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ တိုင်းဒေသကြီးအတွင်း လေ ပြင်းတိုက်ခတ်မှုအများဆုံးဖြစ်ပွား သော မြို့နယ်များမှာ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များဖြစ်ပြီး သုံးရက် လျှင် တစ်ကြိမ်ခန့် လေပြင်းတိုက် ခတ်လေ့ရှိကြောင်း အဆိုပါဦးစီး ဌာနမှ သိရသည်။ 

KTS

#democracytoday

Rate this item
(0 votes)
back to top