HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မန္တလေး တိုင်းဒေသကြီးတွင် ဧပြီလတတိယ ဆယ်ရက်ပတ်အတွင်း ပုံမှန်နေ့ အပူချိန်ထက် ပိုပူမည်

မန္တလေး တိုင်းဒေသကြီးတွင် ဧပြီလတတိယ ဆယ်ရက်ပတ်အတွင်း  ပုံမှန်နေ့ အပူချိန်ထက် ပိုပူမည်

မန္တလေး၊ ဧပြီ ၂ဝ

မန္တလေးတိုင်း ဒေသကြီးတွင် ဧပြီလတတိယဆယ် ရက်ပတ်အတွင်း ပုံမှန်နေ့အပူချိန် ထက် ပိုပူမည်ဖြစ်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန(အထက်မြန်မာပြည်ရုံးခွဲ)မှ သိရသည်။ ''မန္တလေးတိုင်းဒေသကြီးအ တွင်း လာမည့်ဆယ်ရက်ပတ်အတွင်း မှာ ပုံမှန်နေ့အပူချိန်ထက် ၁ ဒသမ ၅ဒီဂရီစင်တီဂရိတ် ပိုပူနိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ နောက်သုံးရက်မှ ငါးရက်အတွင်း မိုးရွာနိုင်ခြေ နည်းပါးပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန (အထက်မြန်မာပြည်ရုံး ခွဲ)ညွှန်ကြားရေးမှူး ဦးကျော်လွင် ဦးက ပြောသည်။

မန္တလေးမြို့တွင် ဧပြီလအတွင်း ပုံမှန်နေ့အပူချိန်သည် ၃၉ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ရှိရာ ယခုနှစ် ဧပြီလအတွင်း နေ့အပူချိန်သည် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင် အထိ မြင့်တက်ခဲ့ရာ ပုံမှန်နေ့အပူ ချိန်ထက် ၃စင်တီဂရိတ် ပိုပူနေခဲ့ပြီး မန္တလေးမြို့တွင် ဧပြီ ၁၂ရက်မှ စတင်၍ ပုံမှန်နေ့အပူချိန်ထက် မြင့်တက်လာမှု များလာခြင်းဖြစ်ကာ သင်္ကြန်အတက်နေ့တွင် နေ့အပူချိန် ၄၂ဒသမ၅စင်တီဂရိတ်ထိ ရောက် ရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအ တွင်း နောက်သုံးရက်မှ ငါးရက်အ တွင်း မိုးရွာနိုင်ခြေနည်းပါးပြီး ဧပြီလ တတိယပတ်အတွင်း ပုံမှန်အပူချိန် ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ထက် ပိုပူနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

AXE

#democracytoday

Rate this item
(0 votes)
back to top