HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မကွေး တိုင်းဒေသကြီးတွင် ရက် ၂ဝ အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၃၃ အိမ် ပြိုကျ ပျက်စီးခဲ့ပြီး ၅၇၉ အိမ် အမိုးလန်

မကွေး တိုင်းဒေသကြီးတွင် ရက် ၂ဝ အတွင်း  လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၃၃ အိမ် ပြိုကျ ပျက်စီးခဲ့ပြီး ၅၇၉ အိမ် အမိုးလန်

မကွေး၊ ဧပြီ ၂ဝ

မကွေးတိုင်းဒေသကြီးတွင် မတ် ၃ဝရက်မှဧပြီ ၁၈ရက်အထိ ရက် ၂ဝအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၃၃အိမ် ပြိုကျပျက်စီးခဲ့ပြီး အိမ်ပေါင်း ၅၉၇ အိမ် အမိုးလန်ပျက် စီးခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် ဘေးသင့်အိမ်ထောင်စု ၆၁၂ အိမ် ထောင်စု လူဦးရေ ၁၇၉၇ ဦးရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အိမ်များပျက်စီးခဲ့သည့် မြို့နယ် များမှာ မကွေး၊ ပွင့်ဖြူ၊ သရက်၊ ဂန့်ဂေါ၊ မြိုင်၊ ပေါက်၊ တောင်တွင်း ကြီး၊ ပခုက္ကူ စသည့်မြို့နယ်များရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီး အဆိုပါ ဘေးသင့်ပြည်သူများအတွက် တန်ဖိုးငွေကျပ် ၃၅၄ဝ၃၆၃၉ ရှိ ဆန်ရိက္ခာ အိမ်ဆောက်ပစ္စည်း ထောက်ပံ့မှု ကယ်ဆယ်ရေးပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။

 

''သဘာဝဘေးတစ်ခုဖြစ်တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် အိမ် တွေ အဆောက်အအုံတွေ ပျက်စီးမှုရှိတယ်ဆိုရင် ကျွန်မတို့ဌာနက ချက်ချင်းထောက်ပံ့မှုတွေ ဆောင်ရွက်ပါတယ်။ သင်္ကြန်ရုံးပိတ်ရက် တွေနဲ့ ကြုံတဲ့အတွက် လေပြင်းတိုက်ခတ်မှုကြောင့် စာရင်းတက် မလာသေးတဲ့ ကျေးရွာတွေရှိနေပါသေးတယ်။ ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်နေတဲ့ကျေးရွာတွေ ရှိပါသေးတယ်''ဟု မကွေးတိုင်းဒေသ ကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယင်းလေပြင်းတိုက်ခတ်မှုကြောင့် အိမ်များ ပြိုကျပျက်စီး အမိုး လန်ပျက်စီးသည့်အပြင် ဘာသာရေးအဆောက်အအုံ နှစ်ခုပြိုကျ ပျက်စီးပြီး အိမ် ၁၃လုံးတစ်စိတ်တစ်ပိုင်းပျက်စီးမှုများ ဖြစ်ပွားခဲ့ကာ စာသင်ကျောင်းအတွင်းရှိ ဆရာမနေအိမ်များလည်း ပျက်စီးမှုများရှိခဲ့ ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top