HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မင်းဘူးမြို့တွင် ဉာဏ်တော်အမြင့် ၂၂ ပေရှိ နှီးဘုရား တည်ထား ကိုးကွယ်မည်ဖြစ်၍ အလှူရှင်များ လှူဒါန်းနိုင်

မင်းဘူးမြို့တွင် ဉာဏ်တော်အမြင့် ၂၂ ပေရှိ နှီးဘုရား တည်ထား ကိုးကွယ်မည်ဖြစ်၍ အလှူရှင်များ လှူဒါန်းနိုင်

မင်းဘူး၊ ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် မင်း ဘူးမြို့ အမှတ် (၃)နယ်မြေ ချမ်း မြေ့သာစည် တောရကျောင်းတိုက်အတွင်း၌ ဉာဏ်တော်အမြင့် ၂၂ ပေရှိ နှီးဘုရား တည်ထားကိုးကွယ်မည်ဖြစ်၍ အလှူရှင်များ လှူဒါန်းနိုင်ကြောင်းသိရသည်။ ''ဦးပဉ္စင်းတို့က နှီးဘုရားကြီးကို ဒူးတော်အကျယ် ၁၈ပေ၊ ဥာဏ်တော်အမြင့် ၂၂ ပေ အရွယ်အစားနဲ့ တည်ထားကိုးကွယ်သွားမှာပါ။ အလှူရှင်များကောင်းမှုနဲ့ စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ပလ္လင်စံကျောင်းတော်အပါအဝင် စုစု ပေါင်း ကျပ်သိန်း ၅ဝဝခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်''ဟု ချမ်းမြေ့သာစည် တောရကျောင်းတိုက် ဆရာတော် ဥူးဥာဏောဘာသမှ မိန့်ကြားသည်။

အဆိုပါ နှီးဘုရားကြီးကို ရှမ်း ပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်မှ နှီးလက်မှုပညာရှင် ''ဦးစိုင်းကာလိန်ဒ'' အပါအဝင် ပညာရှင်ငါးဦးတို့ဖြင့် ၁၃၈ဝ ပြည့်နှစ် တပေါင်းလပြည့်ကျော် ၁ဝ ရက်မှစတင်ဆောင်ရွက် နေပြီး တစ်လခွဲအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ နှီးဘုရားအတွက် လိုအပ်သည့်ဝါးများကို ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ပေါက် ရောက်သော ပိုးမထိုးနိုင်သည့်ကြိမ် မျိုးနွယ်ဝင်ဝါးများဖြင့် ရက်လုပ် နေခြင်းဖြစ်ကြောင်း နှီးလက်မှုပညာရှင် ဦးစိုင်းကာလိန်ဒထံမှသိရသည်။ နှီးဘုရားကြီးကို ဒေသခံများ အပါအဝင် စေတနာရှင်များဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ပြီးနှီး ဘုရားကြီး ဘက်စုံတည်ထား ကိုး ကွယ်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

AMM(MB)

#democracytoday

Rate this item
(0 votes)
back to top