HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကနေဒါနိုင်ငံ အရှေ့ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်းများစွာကို ကယ်တင်ထားရ

ကနေဒါနိုင်ငံ အရှေ့ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်းများစွာကို ကယ်တင်ထားရ

မွန်ထရီယယ်၊ ဧပြီ ၂၂

ကနေဒါနိုင်ငံ အရှေ့ပိုင်းတွင် ရေကြီးမှုကြောင့်လူပေါင်း ၁၂ဝဝ ကို ကယ်ဆယ်ရွှေ့ပြောင်းလိုက်ရ ပြီးတပ်သားအင်အား ၆ဝဝ ကျော်ကိုလည်း တုံ့ပြန်ကယ်ဆယ်ရေး လုပ်ဆောင်ရန် တပ်ဖြန့်ချထားခဲ့ရ ကြောင်း အာဏာပိုင်များက ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။ အီစတာအားလပ်ရက်တွင် ပူနွေး သောရာသီဥတုမှတစ်ဆင့် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် ကျူဘက် မြို့တောင်ပိုင်းနှင့် နယူးဘန်စ်ဝစ် မြို့မှအွန်တာရီယိုမြို့အထိ နှင်းထုအရည်ပျော်ခြင်းတို့ကြောင့် နွေဦး ရေကြီးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။

ကျူဘက်မြို့ရှိ ပွန်တီရက်အရပ်မှ အမျိုးသားတစ်ဦးသည် ယာဉ်မောင်းနှင်နေစဉ် ဧပြီ ၂ဝ ရက်တွင် ရေကြီးမှုကြောင့် မျောပါသွား သည့် တံတားတစ်စင်းပေါ်၌ ရေစီး နှင့်အတူ မျောပါသေဆုံးခဲ့သည်ဟုဆိုသည်။ ကျူဘက်မြို့တွင် ၂ဝ၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သည့်ရေကြီးမှု တစ်ကျော့ပြန် ဖြစ်လာသည်ကို စိုးရိမ်နေကြသည့် အာဏာပိုင်များက ယခုတစ်ကြိမ်ရေကြီးမှုနှင့် ပတ်သက်၍ ယုံကြည်ချက်ပိုမိုရှိလာပြီဖြစ်သည်။ အရပ်သားလုံခြုံ ရေးပြောခွင့်ရပုဂ္ဂိုလ်အဲရစ်ဟူဒီက ''လာမယ့်ရက်တွေအတွက် ကျွန် တော်တို့ အကောင်းမြင်ထားပါတယ်။ ထူးခြားတဲ့ ရေကြီးမှုရှိလာ နိုင်ပါတယ်။ ဒါပေမဲ့ကမ္ဘာနဲ့ချီပြီး ဆိုရင်တော့ စိန့်ပီရဲရေကန်လိုမျိုး ဒေသတွေကလွဲလို့ ၂ဝ၁၇ ခုနှစ် အခြေအနေမျိုးတော့ မဟုတ်ပါ ဘူး'' ဟုဆိုသည်။


လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကနေဒါနိုင်ငံအရှေ့ပိုင်းရှိ မြို့များတွင် စေတနာ့ဝန်ထမ်းများကို နေရာချထားခဲ့ပြီး ရေကြီးနိုင်သည့်ဒေသများတွင် အိမ်များကို ကာကွယ်ရန်နှင့် အတားအဆီးများ စိုက်ထူရန် ထောင်နှင့်ချီသော သဲအိတ်များကို ဖြန့်ဖြူးပေးခဲ့ကြသည်။ ဧပြီ ၂၁ ရက်ရေကြီးမှုတွင် အဓိကခံစားခဲ့ရသည့် ဒေသများမှာအော့တဝါဒေသဝန်းကျင်၊ ကျူဘက်စီးတီးတောင်ဘက်ရှိ ဒေသတစ်ခုဖြစ်သော ဘာ့စ်ဒေသတို့ ပါဝင်ကြသည်။ ဧပြီ ၂၁ ရက်နေ့ လယ်ပိုင်းတွင်ကျူဘက်မြို့ရှိ အိမ် ခြေ ၁ဝဝဝ ခန့်မှာ ရေကြီးမှုဒဏ်ကို ခံစားခဲ့ရသည်။

Ref: The Straitstimes

#democracytoday

Rate this item
(0 votes)
back to top