HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တာချီလိတ်တွင် လေပြင်း တိုက်ခတ်ပြီး မိုးသီးများကြွေ၊ အိမ်အချို့ ပျက်စီး

တာချီလိတ်တွင် လေပြင်း တိုက်ခတ်ပြီး မိုးသီးများကြွေ၊ အိမ်အချို့ ပျက်စီး

တာချီလိတ်၊ ဧပြီ ၂၃

တာချီလိတ်မြို့နယ်တွင် ဧပြီ ၂၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ အရွယ်အစား အတန်ငယ်ကြီးမားသည့် မိုးသီးများ ကျရောက်ခဲ့မှုကြောင့် အဆောက်အအုံအချို့နှင့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်အချို့ ထိခိုက်ခဲ့ရကြောင်း သိရသည်။

''တစ်နေ့လုံး ရာသီဥတုက တော်တော်ပူနေရာကနေ ညနေ ၅ နာရီခွဲလောက်မှာ လေ စတိုက်လာတာပါ။ လေက တော်တော်ကြမ်းတယ်ဗျ။ လွယ်တော်ခမ်းဘက်က အိမ် ၁၅ လုံးလောက် အိမ်ခေါင် တွေလန်ကုန်တယ်။ ပါလျံဝန်ထမ်း အိမ်ရာနားက မိကျောင်းဝပ်ရှော့ ဆို အမိုးပါ ပြိုကျတယ်။ မြို့မဈေးနားမှာလည်း သစ်ပင်ကျိုးကျတာ လူတွေတော့ မထိခိုက်ဘူး။ ဒါပေမဲ့ လျှပ်စစ်ကြိုးတွေ ပြတ်တောက်သွားလို့ ဝန်ထမ်းကုန်းနဲ့ မင်္ဂလာလမ်းဘက် မီးပျက်သွားတယ်။ ၅ နာရီ ၄၅ မိနစ်လောက်မှာတော့ မိုးသီးတွေပါ ကျလာတယ်ဗျ။ အရွယ်အစား တော်တော်ကြီးတယ်။ အချိန်လည်း တော်တော်ကြာကြာ ကို မိုးသီးကျတာပဲ။ တာချီလိတ် မြို့မှာတော့ ဒီလောက် အချိန်ကြာ ကြာ အရွယ်အစားကြီးကြီး မိုးသီး ကျတာ ဒါ ပထမဆုံးပါပဲ''ဟု မကာ ဟိုခမ်းရပ်နေ ကိုမျိုးကျော်စိုးက ပြောသည်။

 

''ဒီတစ်ခါတိုက်တဲ့ လေက ကြမ်းသလို မိုးသီးကလည်း တော် တော်ကြီးတယ်ဗျ။ အိမ်ခေါင်မိုး ပေါက်တဲ့သူတွေ၊ သစ်ကိုင်းကျိုးကျလို့ ခေါင်မိုးပျက်စီးသွားတဲ့ အိမ် တွေလည်း ရှိတယ်။ ကချင်ရွာ အဝင်နားမှာဆို ဆိုင်ကယ်မောင်းလာရင်း သစ်ကိုင်းကျိုးကျလို့ ထိခိုက်ဒဏ်ရာရသွားသူ ရှိသလို၊ မေဖလား ဝါးကွင်းထဲက လက်ဖက်ရည်ဆိုင် တစ်ဆိုင်လည်း ခေါင်မိုးတွေပေါက် ပြဲကုန်တယ်လို့ သိရတယ်။ တာချီ လိတ်လေဆိပ်အပါအဝင် နေရာအ ချို့မှာ လျှပ်စစ်မီးတွေ ပျက်ကုန် တယ်''ဟု ဝမ်ကောင်းရပ်နေ ကိုကျော်ဝင်းစိန်ကလည်း မြင်တွေ့ ခဲ့ရသမျှကို ပြန်လည် ပြောပြသည်။


အဆိုပါ လေပြင်းတိုက်ခတ်မှု ကြောင့် လွယ်တော်ခမ်းကျေးရွာ အုပ်စု၊ ဆန်းလုကျေးရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်း၏ ခေါင်မိုးများ လေထဲတွင် လွင့်ပါပျက် စီးကုန်သလို တာချီလိတ်မြို့အဝင် လွယ်တော်ခမ်း တံတားအနီးတွင် ဖွင့်လှစ်ထားသည့် ဂိလာန အဘိုး၊ အဘွားနှင့် ကလေးများဂေဟာအ ဆောက်အအုံမှာလည်း ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။ အဆိုပါ ဂေဟာနေ အဘိုး၊ အဘွားများနှင့် ကလေးငယ် ၅ဝ ခန့်မှာမူ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့မှုကြောင့် ထိ ခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှ ပျက်စီးဆုံးရှုံးမှုများ ကို ဆက်လက် စာရင်းကောက်ခံ နေကြောင်း သိရှိရသည်။ 

MYK

#democracytoday

Rate this item
(0 votes)
back to top