HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လန်ဒန်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုအပေါ် ပြည်သူအချို့ လမ်းမကြီးများပိတ်၍ ဆန္ဒပြ

လန်ဒန်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုအပေါ် ပြည်သူအချို့ လမ်းမကြီးများပိတ်၍ ဆန္ဒပြ

လန်ဒန်၊ ဧပြီ ၂၃

လန်ဒန်မြို့လမ်းမကြီးများပေါ်တွင် ဧပြီ ၂၂ ရက်က ရာသီဥတု ပြောင်းလဲမှု ဆန္ဒပြသူများကြောင့် လမ်းများပိတ်ဆို့ခဲ့ရပြီး ဆန္ဒပြသူ ၁ဝဝဝကျော်ခန့်တို့အား ရဲများက ဖမ်းဆီးခဲ့ရသည်ဟု ဧပြီ ၂၃ ရက် သတင်းများအရ သိရှိရသည်။ ''မျိုးသုဉ်းမှုတော်လှန်ရေး'' ဟု အမည် ပေးကာ ရာသီဥတုပြောင်းလဲမှု အ ပေါ် ဂရုစိုက်သတိပြုမိစေရန် ဆန္ဒ ပြသူများသည် လန်ဒန်မြို့လယ် ကောင်လမ်းမကြီးများပေါ်တွင် စုဝေးကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

လူ့ပယောဂကြောင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးအပူချိန်နှင့် ပင်လယ် ရေမျက်နှာ ပြင်မြင့်တက်လာခြင်းအား ကမ္ဘာမှသတိပြုမိစေရန် ထုတ် ဖော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ရာသီဥတုကျွမ်းကျင်သူ ပညာရှင်များကလည်း ကမ္ဘာကြီးပူနွေးလာမှု လျင်မြန်စွာဖြစ်ပေါ်နေကြောင်း မီဒီယာများမှတစ်ဆင့် ထုတ်ဖော် ရေးသားတင်ပြခဲ့ကြသည်။ ဆန္ဒပြ မှုများမှတစ်ဆင့် ရဲများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြ သည်ဟု လန်ဒန်မြို့တော်ဝန် ဆာ ဒေခန်းကလည်း ထုတ်ဖော်ပြောဆို လိုက်သည်။ ''ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများကြောင့် လန်ဒန် မြို့တော်များ၌ ငြိမ်ဝပ်ပိပြားရေး များ ထိခိုက်လာရသည်'' ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။


ဧပြီ ၂၂ ရက်က ဆန္ဒပြသများ လျော့နည်းသွားခဲ့သော်လည်း မြို့လယ်ကောင် ဟိုက်ပတ်ဥယျာဉ်တွင် လူစုဝေးမှုများ ရှိနေခဲ့ရသေးသည်။ ရဲများကလည်း ပိတ်ဆို့ထား ဆဲဖြစ်သည်။ လန်ဒန်သဘာဝသမိုင်း ပြတိုက်အဝင်ပေါက်၌ ဝေလငါး တစ်ကောင်၏ အရိုးစုများအား ဆန္ဒ ပြသူများက ချိတ်ဆွဲပြသထားခဲ့သည်။


လန်ဒန်တံတား၊ ပစ်ကယ်ဒနှင့်အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်းများ အတွင်းမှ ဆန္ဒပြသူများအနက် ၁ဝ၆၅ ဦးအားဖမ်းဆီးခဲ့သည်ဟု ရဲများကထုတ်ဖော်ပြောဆိုလိုက်သည်။ သို့သော် ဆန္ဒပြသူများသည် ဦးဆောင်မရှိသော်လည်း ငြိမ်ဝပ်ပိပြားစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြ သည်။ ဆန္ဒပြသူအချို့တို့သည် လန်ဒန်မြို့တော်ဝန်နှင့် အစိုးရအရာရှိများနှင့် တည်ငြိမ်စွာတွေ့ဆုံဆွေး နွေးခဲ့ကြသည်။ ဆန္ဒပြသူများသည် ဖန်လုံအိမ်အာနိသင်လျှော့ချနိုင်ရန်နှင့် သက္ကရာဇ် ၂ဝ၂၅ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုံညအဆင့် ဖြစ်စေရေးများကို တင်ပြဆွေးနွေး ခဲ့ကြသည်။

AFP

#democracytoday

Rate this item
(0 votes)
back to top