HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအကြို အင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအကြို အင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်

ရန်ကုန်၊ မေ ၁၃

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်သော ပဲခူးမြစ် ကူးတံတား (သန်လျင်အမှတ်-၃)တံတားတည်ဆောက်ရေးစီမံကိန်း အကြိုအင်ဂျင်နီယာလုပ်ငန်းများ ကို မေ ၁၃ ရက်မှစတင်၍ ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ မြစ်ကူးတံတားကြီး ကို သန်လျင်တံတားဟောင်းနှင့် ကပ်လျက် မီတာ ၁၅ဝ အကွာတွင် တည်ဆောက်ြခင်းဖြစ်ပြီး တံတား အရှည် မီတာ ၃၅ဝဝ အကျယ် ၂၈ မီတာ ရေပြင်မှအမြင့် ရှစ်မီတာ (ပေ ၃ဝ) ရှိကာ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်ကို ဆယ်သွယ် ထားသော တံတားကြီးတစ်စင်း ဖြစ်သည်။

''ယနေ့ အင်ဂျင်နီယာအကြို လုပ်ငန်းတွေ စတင်ဆောင်ရွက်နေ တာဆိုတော့ တံတားအဆင်းမီးပွိုင့် နားက စပြီးပိတ်နေပါပြီ။ အများ ပြည်သူအတွက် အန္တရာယ်ကင်းရှင်း ရေးဆိုင်းဘုတ်တွေ၊ အသိပေးဆိုင်း ဘုတ်တွေစိုက်ထူပြီး လုပ်ငန်းခွင် လမ်းတစ်လျှောက် စည်းရိုးကာပြီး ရင် ယန္တရားတွေနဲ့ဆောင်ရွက်မှာ ပါ။ ယာဉ်တွေကတော့ ပုံမှန်အတိုင်း သွားလာလို့ရအောင် ဆောင်ရွက် ထားတယ်။ မေလကုန်မှာ စက်ယန္တရားကြီးတွေ လုပ်ငန်းစတင်မှာ ပါ။ ယနေ့ အကြိုအင်ဂျင်နီယာလုပ် ငန်းစတင်လုပ်ဆောင်တာပါ။ ဂျပန် အင်ဂျင်နီယာအဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်ရမှုအပေါ် ဝမ်းမြောက်ဂုဏ် ယူမိပါတယ်''ဟု တံတားဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးဦးက ပြောသည်။


သန်လျင်တံတားအဆင်း ချဉ်း ကပ်လမ်း၏ မီးပွိုင့်မှစ၍ ရတနာ လမ်းမကြီးတစ်လျှောက်တွင် ဘိုးပိုင်များစိုက်ထူနိုင်ရန် မြေနေရာ သတ်မှတ်မှုကို စတင်ဆောင်ရွက် လျက်ရှိပြီး ယာဉ်များပုံမှန်သွားလာ နိုင်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်း ဝေးစေရန် အသိပေးဆိုင်းဘုတ်၊ အန္တရာယ်ကင်းဆိုင်းဘုတ်တို့ကို စိုက်ထူလျက် တံတားတည်ဆောက်မည့် မြစ်ကမ်းအနီးတွင် မြေတူးစက် ကြီးများဖြင့်မြေပြုပြင်ခြင်းလုပ်ငန်း ကိုလည်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ ရှုခင်းသာလမ်းဆုံမီးပွိုင့် မှ ရတနာလမ်းမကြီး၏ (၁ဝ၈) တောင် ဘုရားလမ်းပိုင်းတွင် ဘိုး ပိုင်စိုက်ထူခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်မည်ဖြစ်ရာ မြစ်ပြင်အကျယ်မီတာ ၁ဝဝဝ အပေါ်တွင် တည်ဆောက်မည့် သန်လျင်အမှတ် (၃) တံတားကြီးအားအပိုင်းသုံးပိုင်း ဖြစ်သည့် Package (၁) (၂) (၃) ဖြင့် ခွဲခြားထားပြီးပင်မတံတားသည် Package (၁) (၂) ဖြစ်၍ Package (၃) သည် Fly Over  ချဉ်းကပ်တံ တားအဖြစ် တည်ဆောက်မည်ဖြစ်သည်။


သန်လျင်အမှတ်- (၃) တံတား တည်ဆောက်ရာတွင် စုစုပေါင်း ၃၂ လကြာမြင့်ဖြစ်ပြီး ၂ဝ၂၂ ခု နှစ်တွင် ပြီးစီးရန်ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကာ မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားကြီး၏ ကြီးကြပ်ခန့်ခွဲရေးအပိုင်းကို ဆောင်ရွက်၍ ကွင်းဆင်းတည် ဆောက်ရေးကိုလုပ်ငန်းကို ဂျပန် အင်ဂျင်နီယာများက ဆောင်ရွက် သွားမည်ဖြစ်သည်။ 

TS(HTY)

#democracytoday

Rate this item
(0 votes)
back to top