HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ရာသီဥတု အပူချိန်မြင့်မားနေမှုကြောင့် မကွေးတိုင်းဒေသကြီး၌ အပူရှောင်စခန်း ၄ဝ ကျော် ဖွင့်လှစ်ပေးထား  

ရာသီဥတု အပူချိန်မြင့်မားနေမှုကြောင့် မကွေးတိုင်းဒေသကြီး၌ အပူရှောင်စခန်း ၄ဝ ကျော် ဖွင့်လှစ်ပေးထား   

မကွေး၊ မေ ၁၃

ရာသီဥတုအပူ ချိန်မြင့်မားနေမှုကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း အပူရှောင်စခန်း ၄ဝ ကျော်ဖွင့်လှစ်ပေးထားကြောင်း မကွေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်များဆိုင်ရာစီမံခန့်ခွဲရေး ဌာနမှ သိရသည်။ ယခုနှစ်နွေရာသီတွင် မြန်မာ နိုင်ငံတစ်ဝန်း၌ အပူချိန်မြင့်တက် နေပြီး မကွေးတိုင်းဒေသကြီးအ တွင်း၌လည်း အပူချိန်မြင့်မားနေ သောကြောင့် တိုင်းဒေသကြီးသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနနှင့် ပရဟိတအဖွဲ့တို့က မြို့နယ်အ ချို့တွင် အပူရှောင်စခန်းများဖွင့် လှစ်ပေးထားသည်။

အဆိုပါအပူရှောင်စခန်းများ မှာ မကွေးမြို့ပေါ်တွင် လေးခု၊ ပ ခုက္ကူမြို့တွင် ၂ဝ ၊ ချောက်မြို့ တွင် ၂ဝ တို့ဖြစ်ပြီး ယင်းအပူရှောင် စခန်းနေရာများမှာ မြို့ပေါ်ရှိဘုန်း တော်ကြီးကျောင်းများနှင့်ဓမ္မာရုံများ ၌ ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး အ ပူရှောင်စခန်းတစ်ခုတွင် အဘိုးအ ဘွား ၈ဝ ခန့်နေရာချထားပေးရ သည်။ ''အပူရှောင်စခန်းကိုလာမယ့် အဘိုးအဘွားတွေအတွက် အိမ် တွေကနေ အပူရှောင်စခန်းအထိ အသယ်အပို့သုံးဘီးဆိုင်ကယ်လေး တွေစီစဉ်ထားပါတယ်။ ကိုယ့်အစီ အစဉ်နဲ့လာတဲ့သူတွေလည်း ရှိပါ တယ်'' ဟု တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်များဆိုင်ရာစီမံခန့် ခွဲရေးဌာနတိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောကြားသည်။


အဆိုပါအပူရှောင်စခန်းများ ၌ အပူရှောင်သည့်နေရာတွင် အ ဘိုးအဘွားများအပူရှောင်သည့် နေရာကို သက်သက်စီထားပေး ထားပြီး အဘိုးအဘွားများအတွက် စားသောက်စရာများစီစဉ်ပေးခြင်း တို့အပြင် ကျန်းမာရေးစောင့်ရှောက် မှုများကိုလည်းဆောင်ရွက်ပေး ထားသည်။ မေ ၁၁ ရက်က မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားသည့်နေ့အပူချိန်များကို ထုတ်ပြန်ရာတွင် ဂန့်ဂေါမြို့နယ် တွင် ၄၇ ဒီဂရီစင်တီဂရိတ်၊ ချောက် မြို့နယ်တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ ပေါက်တောမြို့နယ်တွင် ၄၆ ဒီဂရီ စင်တီဂရိတ်၊ မင်းဘူး၊ မကွေး၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြောင်း သိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top