HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကနီမြို့နယ်ရှိ စဖိုကြီး သုံးထပ်ရေတံခွန်ကို ခရီးသွားနေရာသစ်အဖြစ် စတင်ဖော်ဆောင်နေ

ကနီမြို့နယ်ရှိ စဖိုကြီး သုံးထပ်ရေတံခွန်ကို ခရီးသွားနေရာသစ်အဖြစ် စတင်ဖော်ဆောင်နေ

ကနီ၊ မေ ၁၃

စစ်ကိုင်းတိုင်းဒေ သကြီး ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိပေ ၁၂ဝမြင့် သောစဖိုကြီးသုံးထပ်ရေတံခွန်တွင် ခရီးသွားစရာ နေရာအသစ်အဖြစ် စတင် အကောင်အထည်ဖော်နေ ပြီဖြစ်ကြောင်း တိုင်းဒေသကြီးဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။ ကနီမြို့နယ်ဆယ်ရွာချောင် မုံပင်ရွာ၏အနောက်မြောက် တစ် မိုင်ခန့်အကွာရှိ ပုထိုးလုံးချောင်းတွင် အမြင့်ပေ၁၃ဝရှိ နှစ်ဆင့်ယမကား ရေတံခွန်၊ ပုထိုးလုံးချောင်းဖျားတွင် အမြင့်ပေ ၁၂ဝရှိ နတ်တံခါးရေတံ ခွန်နှင့်မဲဒင်ကျေးရွာအုပ်စု စဖိုကြီး ကျေးရွာအနီးရှိ စဖိုကြီးရေတံခွန် ဟူ၍ ရေတံခွန်သုံးခုရှိသည်။

''လတ်တလောကတော့ ကနီ နဲ့ မဲဒင်လမ်းကိုကားအမြင့်တွေနဲ့ သာသွားမှအဆင်ပြေတော့ ကား လေးတွေသွားလာလို့ အဆင်ပြေ ချောမွေ့အောင်တိုင်းဒေသကြီးအ စိုးရက ပြုပြင်ရေးတွေလုပ်ဖို့စတင် နေပါပြီ။ လမ်းကောင်းဖို့ စအကောင် အထည်ဖော်မှာဖြစ်ပြီး အဲဒါပြီးမှ ကျန်တာတွေဆက်လုပ်မှာပါ'' ဟု ဦးအောင်သူဦးက ပြောကြားသည်။ ရေတံခွန်ပထမအဆင့် ကျောက် လိုဏ်ဂူထဲတွင်ခိုနှင့် လင်းမြီးဆွဲများ နေထိုင်ကျက်စားကြပြီး ရေတံခွန် သို့ရောက်ရှိရန် စဖိုကြီးချောင်းအ တွင်းဖြတ်သွားရပြီး သွားရာလမ်း တစ်လျှောက် သဲသောင်ထက်တွင် ဒေသခံများရေသွင်းစိုက်ပျိုးထား ကြသောကြက်သွန်၊ အာလူး၊ နံနံ၊ မုန်ညင်း၊ ဘူးနှင့် ဖရုံစိုက်ခင်းများအ ကြားဆယ်မိနစ်ခန့် လမ်းလျှောက် ပြီး ရေတံခွန်သို့ရောက်ရှိသည်။


စဖိုကြီးရေတံခွန်သည် ကနီ မြို့နယ် မဲဒင်ရွာအုပ်စုစဖိုကြီးရွာအ နီး၌တည်ရှိပြီး မုံရွာမှ ၃၇မိုင်ကွာ ဝေးကာရေတံခွန်သို့ သွားရောက်ပါ ကမုံရွာမြို့မှ ယာကြီး-ကလေးဝ လမ်းအတိုင်း သွားရောက်နိုင်သည်။ ယင်းအပြင်ကနီနှင့် ဘုတလင်မြို့ နယ်ကနဲဆိပ်ကမ်းတို့မှ အထက်ဘက် ခြောက်မိုင်အကွာရေလမ်းခရီးဖြင့်လည်း စဖိုကြီးရွာအရောက်လာ လျှင် စဖိုကြီးရေတံခွန်သို့ရောက်ရှိ မည်ဖြစ်ကြောင်းသိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top