HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Educator English Language School တွင် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးနှင့် ဆရာမလေးဦး မီးစက်မှထွက်သော ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် မူးမေ့လဲကျ

မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Educator English Language School တွင် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးနှင့် ဆရာမလေးဦး မီးစက်မှထွက်သော ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် မူးမေ့လဲကျ

ရန်ကုန်၊ မေ ၁၄

မရမ်းကုန်း မြို့နယ်တွင် ဖွင့်လှစ်လျက်ရှိသည့် Educator English Language School တွင် ဆယ်ကျော်သက်အ ရွယ် ကျောင်းသားကျောင်းသူ ၁၆ ဦး နှင့် ဆရာမလေးဦး မူးမေ့လဲကျခဲ့ သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ် ကွက်၊ သမိုင်းဘူတာရုံလမ်းနှင့် အလယ်ဗဟိုလမ်းထောင့်ရှိ တိုက် (၃၆၁)မြေညီထပ်တွင် ဖွင့်လှစ် ထားသည့် Educator English Language School တွင် မေ ၁၄ ရက်၊ နံနက် ၁၁ နာရီခန့်က မီးပြန် လာစဉ် ဆရာမတစ်ဦးက မီးစက်သွား ပိတ်ရာ ယင်းမီးစက်မှ ထွက်လာ သောမီးခိုးများ (ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့)သည် ဗငမခသည ဖွင့်ထားသည့် စာသင်ခန်းထဲသို့ ဝင် ရောက်လာမှုကြောင့် ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ မူး မေ့လဲကျခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ရင်ရင်ထွန်း က ပြောသည်။

ယင်းကဲ့သို့ အခင်းဖြစ်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက် (၁ဝ) နှစ်မှ (၁၂) နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး နှင့် ဆရာမ သုံးဦး၊ အင်းစိန်ဆေး ရုံကြီးတွင် ကျောင်းသား၊ ကျောင်း သူ လေးဦးနှင့် ဆရာမတစ်ဦး စုစု ပေါင်းကျောင်းသား၊ ကျောင်းသူ ၁၆ ဦးနှင့် ဆရာမလေးဦးတို့ အရေး ပေါ်တက်ရောက်ကုသမှု ခံယူခဲ့ရ ကြောင်းသိရသည်။


ယင်းနှင့်ပတ်သက်ပြီး (၂)ရပ် ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ရင်ရင် ထွန်းက ''၉နာရီက မီးပျက်တယ်။ မီးပျက်တော့ မီးစက်မောင်းတယ်။ ကလေးတွေက စားမေးပွဲဖြေကြ တော့ ကလေးတွေကို အဲကွန်းနဲ့ ထားတယ်။ မှန်ကလည်းလုံတယ်။ မီးစက်မောင်းပြီးတော့ အဲကွန်းကို ဖွင့်တယ်။ မီးစက်မောင်းတော့ မီးစက်ကထွက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ရှိတယ်။ မီးစက်က နောက်လမ်းငါးပေမှာ ထုတ်ထား တာ။ နောက်လမ်းကလည်း လေ ဟာပြင်လိုဖြစ်နေတော့ လေတအား တိုက်တယ်။ မီးလာတော့ မီးစက်ကို သွားပိတ်တယ်။ အဲ့ဒီမှာနောက် ဖေးတံခါးကို ဖွင့်လိုက်တဲ့အချိန် မှာပဲ။ ကာဗွန်ဒိုင်အောက်ဆိုက်က အပြင်ကိုထွက်ရမယ့်ဟာက လေပြန် တိုက်တော့ အခန်းထဲကိုဝင်လာပြီး တော့ ဆရာမတစ်ယောက် မူးလဲ သွားတယ်။ ထပ်ပြီးတော့ကလေးတစ် ယောက်ထပ်ပြီး မူးလဲသွားတယ်။ နောက်ကလေးတွေကလည်း အငွေ့ တွေလာတော့ အငွေ့တွေကို ရှူ လိုက်တော့ အဲ့ဒီကလေးတွေပါ အ ကုန်လုံးအန်တဲ့သူကအန်။ မူးမေ့တဲ့ သူကမေ့။ အဲ့ဒီချိန်မှာပဲ လူနာတင် ယာဉ်တွေခေါ်ပြီးတော့ တင်ရတယ်'' ဟု ဒီမိုကရေစီတူဒေး၏ မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။


အင်းစိန်ဆေးရုံတွင် ကုသမှု ခံယူနေသည့် ကျောင်းသား၊ ကျောင်း သူလေးဦးနှင့် ဆရာမတစ်ဦးမှာ ဆေးရုံတက်နေဆဲဖြစ်ပြီး ၂၄ နာရီ စောင့်ကြည့်ရန် ဆရာဝန်ကမှာ ကြားထားကြောင်း ၎င်းကပြောသည်။ ''ကျန်တဲ့ မမူးတဲ့ ကလေးတွေ ကို မိဘတွေပြန်ခေါ်သွားကြတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူနာ တင်ယာဉ် အစီးရေ ၃ဝခန့်ထိ လာရောက်ကာ သက်ဆိုင်ရာဆေး ရုံများသို့ အရေးပေါ်ပို့ဆောင်ပေး ခဲ့ရသည့်အတွက် လမ်းပိုင်းအချို့ လည်း ပိတ်ခဲ့ကြောင်း သိရသည်။ Educator English Language School မှ မန်နေဂျာ ဒေါ်ကေသီမြင့်က ''ဒီနေ့ကလေး အားလုံးပေါင်း ၂၁ ယောက်ရှိပါ တယ်။ တချို့ကလေးတွေကမဖြစ် ပါဘူး။ ကလေးအားလုံးကို အင်းစိန် ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်ပြည် သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသ ပေးလျက်ရှိပါတယ်။ အခုတော့ အားလုံး ကျန်းကျန်းမာမာရှိနေပါ တယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။


လက်ရှိတွင် အခင်းဖြစ်နေရာ သို့ မရမ်းကုန်းမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦး ရန်ရှင်း လာရောက်မေးမြန်းခဲ့ ကြောင်း ဒေါ်ရင်ရင်ထွန်းက ပြော သည်။ ''ရပ်ကွက်ထဲမှာ ကျောင်းသား မိဘတွေက လန့်ကုန်တာပေါ့။ ကျန်း မာရေးနဲ့အရ ပြောရရင်တော့ ကာ ဗွန်ဒိုင်အောက်ဆိုက် များသွားပြီး အောက်ဆီဂျင်နည်းသွားတယ်''ဟု ၎င်းကပြောသည်။ တက်ရောက်ကုသခံခဲ့ရသည့် ဆရာမများနှင့် ကျောင်းသားများ အနက် ရန်ကုန်ဆေးရုံကြီးတွင်ကု သမှုခံယူခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် ဆရာမသုံး ဦးမှာ ယင်းနေ့နေ့လယ်ပိုင်းတွင် ပြန်လည် ဆင်းသွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ကူညီကယ်ဆယ်ရာတွင် ပါ ဝင်သူကိုထူးက ''ကျွန်တော်တို့ သိသိချင်းမှာ ကလေးတွေကိုအ ခန်းထဲကနေခေါ်ထုတ်ပြီး ဘေးမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်ကိုဦးစွာ ပို့ပါတယ်။ လာရောက်ကူညီပေးတဲ့ လူမှုအရေးပေါ်ကားတွေနဲ့ ဆေးရုံ ကိုပို့ပါတယ်''ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။

WYHW- PS

#democracytoday

Rate this item
(0 votes)
back to top