HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကမ္ဘာ့အနက်ဆုံး မာရီယာနာ သမုဒ္ဒရာချောက်အတွင်း ပလတ်စတစ် အမှိုက်တွေ့ရှိ

ကမ္ဘာ့အနက်ဆုံး မာရီယာနာ သမုဒ္ဒရာချောက်အတွင်း ပလတ်စတစ် အမှိုက်တွေ့ရှိ

ဆန်တာဖီ၊ မေ ၁၄

ရေငုပ်သင်္ဘောဖြင့် လူသား တစ်ဦး အနက်ဆုံးငုပ်လျှိုးမှုတစ်ခု တွင် တက္ကဆက်ပြည်နယ်မှ ရင်းနှီး မြှုပ်နှံသူတစ်ဦးသည် ကမ္ဘာပေါ်မှ မည်သည့်လမ်းတွင်မဆို အလွယ် တကူတွေ့နိုင်သည့် အမှိုက်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆို သည်။ အငြိမ်းစားရေတပ်အရာရှိ မစ္စတာ ဗစ်တာဗက်စ်ကိုဗိုသည် ကမ္ဘာပေါ်မှ အနက်ရှိုင်းဆုံးနေရာ ဖြစ်သည့် ပစိဖိတ်သမုဒ္ဒရာအတွင်း မှ မာရီယာနာချောက်အတွင်း အ နက်မီတာ ၁ဝ၉၂၈ နီးပါးသို့ ဆင်း သက်ခဲ့ချိန်တွင် ယင်းမထင်မှတ် ထားသော အမှိုက်ကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း မေ ၁၃ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက် ထဲတွင် ဖော်ပြထားသည်။

 

၎င်း၏ ငုပ်လျှိုးမှုသည် ၁၉၆ဝ ပြည့်နှစ်က ယင်းချောက်အတွင်းသို့ အနက်ရှိုင်းဆုံးငုပ်လျှိုးမှုထက် ၁၆ မီတာပိုနက်သည်။ ဒဲလက်စ်မြို့အ ခြေစိုက် Insight Equity Holdings ပူးတွဲတည်ထောင်သူ မစ္စတာဗက်စ် ကိုဗိုသည် ယင်းသမုဒ္ဒရာကြမ်း ပြင်တွင် လူလုပ်ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းပစ္စည်းမှာ ပလတ်စတစ်ဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့သည်ဟု ¤င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်ကဆိုသည်။ ယင်းပလတ် စတစ်စွန့်ပစ်ပစ္စည်းသည် ကမ္ဘာ့ သမုဒ္ဒရာများအတွင်း ခန့်မှန်းခြေ တန်သန်း ၁ဝဝ ခန့် ရှာဖွေတွေ့ရှိ ထားပြီး အလုံးအရင်းအဖြစ် သမုဒ္ဒ ရာရေထုထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။


လွန်ခဲ့သည့် သီတင်းသုံးပတ်တွင် ယင်းရှာဖွေရေးအဖွဲ့သည် မစ္စတာ ဗက်စ်ကိုဗို၏ ရေငုပ်သင်္ဘော ဖြင့် မာရီယာနာချောက်အတွင်းသို့ လေးကြိမ်ငုပ်လျှိုးခဲ့ပြီး ဇီဝနှင့် ကျောက်သားနမူနာများကို စုဆောင်း ခဲ့သည်။ Challenger Deep ဟု လူသိများသော သမုဒ္ဒရာအတွင်း သို့ အနက်ရှိုင်းဆုံးအမှတ်အထိ လူသားတို့ငုပ်လျှိုးခဲ့သည့် တတိယ အကြိမ်မြောက်လည်း ဖြစ်သည်။ ကနေဒါရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်သည် ¤င်း၏ရေငုပ်သင်္ဘော ဖြင့် ၂ဝ၁၂ ခုနှစ်တွင် အနက်မီတာ ၁ဝ၉ဝ၈ အထိ ငုပ်လျှိုးခဲ့ဖူးသည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top