HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ယခုနှစ်နွေရာသီတွင် ဒေသကြီး ၁၂ ခုရှိ ကျေးရွာပေါင်းသုံးရာခန့်၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရ

ယခုနှစ်နွေရာသီတွင် ဒေသကြီး ၁၂ ခုရှိ  ကျေးရွာပေါင်းသုံးရာခန့်၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရ

ရန်ကုန်၊ မေ ၁၄ 

ယခုနှစ်နွေရာသီတွင် ဒေသကြီး ၁၂ ခုရှိ ကျေး ရွာပေါင်း ၂၉၉ ရွာတွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေရပြီး ဧရာဝတီတိုင်းဒေသကြီး၌ အများဆုံးဖြစ်ပေါ်နေကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရုံးချုပ်စာရင်းများအရ သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ စာရင်းများအရ မေ ၁၃ ရက်အထိ သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ကျေးရွာ ၂၉၉ ရွာ၊ အိမ် ခြေ ၅၃၁၄ဝ၊ လူဦးရေ ၂၄၈၃၅၁ အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ရေ ၁၆၂၇၃၇၅ ဂါလန်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ''ကျွန်တော်တို့ ခန့်မှန်းထားတာကမြို့နယ် ၉၃ မြို့ နယ်မှာ ကျေးရွာပေါင်း ၂ဝ၈ ရွာ လောက် သောက်သုံးရေရှားပါးပြတ် လပ်မှုနဲ့ကြုံတွေ့နိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ အခုခန့်မှန်း ချက်ထက် ကျေးရွာအရေအတွက် တိုးလာပါတယ်။ အဓိကကတော့ အပူရှိန်ပြင်းတာရယ်၊ မိုးရွာသွန်းမှု နည်းတာတွေကြောင့် ဖြစ်ပါတယ်'' ဟုပြောသည်။ သောက်သုံးရေရှားပါးမှု အများဆုံးဖြစ်ပေါ်သည့်ဒေသများမှာ ဧရာဝတီတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ဖြစ် ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ''ကျွန်တော်တို့ ဌာနအနေနဲ့ကတော့ ဧပြီလကစ တင်ပြီး သောက်သုံးရေရှားပါးမှုဖြစ် ပေါ်နေတဲ့ကျေးရွာတွေကို သောက် သုံးရေ ဖြန့်ဝေပေးနေပါတယ်။ ရေ ရှားပါးမှုဖြစ်ပေါ်နေတဲ့ ကျေးရွာ တွေအနေနဲ့လည်း ဌာနကိုဆက် သွယ်အကူအညီ တောင်းနိုင်ပါ တယ်''ဟုပြောသည်။


အဆိုပါ သောက်သုံးရေရှား ပါးမှုနှင့်ကြုံတွေ့နေရသည့်ဒေသ များမှာ ကယားပြည်နယ်တွင် ကျေးရွာ ကိုးရွာ၊ ကရင်ပြည်နယ် တွင် ကျေးရွာ ၁၃ ရွာ၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ကျေးရွာ ၁၂ ရွာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျေးရွာ နှစ်ရွာ၊ ပဲခူးတိုင်းဒေသ ကြီးတွင် ကျေးရွာ ၃၃ ရွာ၊ မကွေး တိုင်းဒေသကြီးတွင် ကျေးရွာ ၄၂ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာ ၄၁ ရွာ၊ မွန်ပြည်နယ်တွင် ကျေးရွာ ၂၇ ရွာ၊ ရခိုင်ပြည်နယ် တွင် ကျေးရွာ ၂၁ ရွာ၊ ရှမ်းပြည် နယ်တွင် ကျေးရွာ ၁၈ ရွာ၊ ဧရာ ဝတီတိုင်းဒေသကြီးတွင် ကျေးရွာ ၆၅ ရွာ၊ နေပြည်တော်တွင် ကျေး ရွာ ၁၆ ရွာတို့ဖြစ်ကြောင်း သိရ သည်။

AA

#democracytoday

Rate this item
(0 votes)
back to top