HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

သန္တာကျောက်တန်းများ ရှင်သန်စေရေး နည်းလမ်းများ တွေ့ရှိ

သန္တာကျောက်တန်းများ ရှင်သန်စေရေး နည်းလမ်းများ တွေ့ရှိ

တိုကျို၊ မေ ၁၅

ဟာဝိုင်အီသန္တာကျောက်တန်း များသည် သမုဒ္ဒရာရေပူနွေးလာ ခြင်းနှင့်ရေနေအက်စစ်များပါဝင် မှုမြင့်တက်နေခြင်းများကြောင့် ခက်ခဲစွာအသက်ရှင်သန်ကြရသည် ဟု ဟာဝိုင်အီရေနေသတ္တဝါများ ဇီဝ ဗေဒလေ့လာရေးဌာနက သုတေသန ပြုဖော်ထုတ်လိုက်သည်ဟု မေ ၁၅ ရက်က သတင်းများအရ သိရှိရ သည်။ ယင်းသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့်လည်း ဖြစ်ရ သည်ဟု သုတေသနစာတမ်းတွင် ဆက်လက်ဖော်ပြလိုက်သည်။

''ဒီအတိုင်းဆို နောင်အနှစ် ၂ဝ-၃ဝ လောက်မှာ သန္တာကျောက် တန်းတွေရဲ့အခြေအနေဟာ ပိုမိုဆိုးရွားလာဖွယ်ရာသာရှိပါတယ်'' ဟု ဘွဲ့လွန်ပါရဂူတန်းတက်နေသူ သုတေသီဂျူရီက ထုတ်ဖော်ပြော ဆိုလိုက်သည်။ ''ဒီအခြေအနေဆိုး ကို ကြိုတင်ကာကွယ်ကုသဖို့ လိုအပ် နေပါတယ်'' ဟုလည်း ဆက်လက် ပြောကြားလိုက်သည်။ ''ဒါပေမဲ့ အချိန် ကာလတစ်ခုကိုတော့ စောင့်ရဖို့လို အပ်ပါတယ်'' ဟုလည်းပြောသည်။ သန္တာကျောက်တန်းများ သည် သမုဒ္ဒရာကြမ်းပြင်၌ တစ် ရာခိုင်နှုန်းဖုံးလွှမ်းနေသော သက် ရှိများဖြစ်ကြသည်။


ကမ္ဘာမြေကြီး၏အပူချိန်သည် ၁ ဒသမ ၅ စဲလ်ဆီးယက်စ်(၂ ဒ သမ ၇ ဖာရင်ဟိုက်)ထက်မပိုစေ ရန် ကုလသမဂ္ဂက ကြိုးစားနေရာ ယင်းထက်ရာသီဥတုပိုမိုပူပြင်းလာပါက သန္တာကျောက်တန်းများ ၇ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းထိ ကွယ်ပျောက်သွားနိုင်ပေသည်။ သန္တာကျောက်တန်းများလေ့ လာရေးသုတေသနအဖွဲ့သည် ဟာဝိုင်အီကျွန်း ကာနော်ဟီပင် လယ်အော်၌ သုတေသနပြုခဲ့ကြ သည်။ ယင်းသန္တာကျောက်တန်း များသည် ၁၉၃ဝ နှင့် ၁၉၇ဝ ပြည့် နှစ်များတစ်ဝိုက်က လူတို့၏ ပယောဂ၊ အမှိုက်များသမုဒ္ဒရာတွင်း စွန့်ပစ်ခြင်းများကြောင့် ပျက်စီးယို ယွင်းမှုများရှိခဲ့ရသည်။ ၁၉၇ဝ ပြည့်နှစ်များတစ်ဝိုက်က ယင်းသန္တာ ကျောက်တန်းများ ပျက်စီးမှုသည် ၇ဝ ရာခိုင်နှုန်းသာရှိရာမှ နောက် ပိုင်းကာလများတွင် လူတို့အမှိုက် စွန့်ပစ်မှုများနှင့်အက်စစ်များ ကြောင့် ၉၅ ရာခိုင်နှုန်းထိ ပျက်စီး လာနေကြောင်း သုတေသီများက တွေ့ရှိခဲ့ရသည်။
''ဒီပင်လယ်အော်က သန္တာ ကျောက်တန်းဖြစ်စဉ်တွေ လေ့လာ ရင်းကနေ အနာဂတ်ကုစားနိုင် ရေးနည်းလမ်းတွေတွေ့ရှိခဲ့ရပါ တယ်''ဟု သုတေသီဂျူရီက ထုတ် ဖော်ပြောဆိုလိုက်သည်။

Ref; Bangkok Post

#democracytoday

Rate this item
(0 votes)
back to top