HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၃ဝဝ ကျော် အမိုးလန် ပျက်စီး

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၃ဝဝ ကျော် အမိုးလန် ပျက်စီး

ပွင့်ဖြူ၊ မေ ၁၅

မကွေးတိုင်းဒေ သကြီး ပွင့်ဖြူမြို့နယ်တွင် ရုတ်တ ရက်မိုးရွာပြီး လေပြင်းတိုက်ခတ်မှု အရှိန်ကြောင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ကိုးအုပ်စုမှ လူနေ အိမ်များ အမိုးလန်ပျက်စီးပြိုလဲပြီး ဘုန်းတော်ကြီးကျောင်းနှင့် ဘုရား အမိုးဇရပ်တို့ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှသိရသည်။

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ်တွင် မေ ၁၄ ရက် ညနေ လေးနာရီခွဲ က ရုတ်တရက်မိုးသက်လေပြင်းများ တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လေပြင်း အရှိန်ကြောင့် ပွင့်ဖြူမြို့နယ် ကျွဲ တံခါးကျေးရွာအုပ်စု၊ မဲဇလီကျေး ရွာအုပ်စု၊ ဆည်တော်ကျေးရွာအုပ် စု၊ နဘဲကုန်းကျေးရွာအုပ်စု၊ အနောက် လေးအိမ်ကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာအုပ်စု၊ သရက်အုပ် ကျေးရွာအုပ်စု၊ ကြူဝန်းကျေးရွာ အုပ်စု၊ ဥယျာဉ်ကျေးရွာအုပ်စု စုစုပေါင်း ကိုးအုပ်စုမှ လူနေအိမ် ၃၄၆ လုံးမှာ တစ်စိတ်တစ်ပိုင်း အ မိုးလန်ပျက်စီးခြင်း၊ လူနေအိမ် သုံး လုံးပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော် ကြီးကျောင်း နှစ်ကျောင်း၊ ဘုရားအမိုး ဇရပ်တစ်ခုတို့ အမိုးလန်ပျက်စီး  ဆုံးရှုံးခြင်းများဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။


ယခုရက်ပိုင်းတွင် ပွင့်ဖြူမြို့ နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် လူနေအိမ်များ ကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များနှင့် ကျေးရွာ နေပြည်သူများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

YWN

#democracytoday

Rate this item
(0 votes)
back to top