HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အင်းဝ မဟာမြတ်မုနိဘုရားကြီး ညောင်ရေသွန်းလောင်းပွဲတွင် ပါဝင်သည့်အသင်း ထက်ဝက်လျော့နည်းသွား 

အင်းဝ မဟာမြတ်မုနိဘုရားကြီး ညောင်ရေသွန်းလောင်းပွဲတွင် ပါဝင်သည့်အသင်း ထက်ဝက်လျော့နည်းသွား 

တံတားဦး၊ မေ ၁၅

ကဆုန်လ ပြည့်နေ့ မေ ၁၈ ရက်တွင် မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဟံသာဝတီအုပ် စုရပ်ကွက်များမှ ညောင်ရေသွန်း လောင်းသည့်အဖွဲ့များသည် မဟာ မြတ်မုနိဘုရားကြီး(ခေါ်)စန္ဒာမုနိ ဘုရားကြီး၌ မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းမည်ဖြစ် ရာ ယခင်နှစ်များကထက် သွန်း လောင်းမည့်အသင်း ထက်ဝက် လျော့နည်းသွားကြောင်းသိရသည်။ အင်းဝဟံသာဝတီအုပ်စုတွင် ရပ်ကွက် ၁၁ ရပ်ကွက်ရှိရာ ရှမ်း ဈေးရပ်ကွက်မှာ ရပ်ကွက်ငယ် ဖြစ်သဖြင့် နှစ်စဉ်ပါဝင်နိုင်ခြင်း မရှိ၍ ရပ်ကွက်အသင်း ၁ဝ သင်း ဖြင့်သာ ညောင်ရေသွန်းလောင်းပွဲ ကျင်းပခဲ့ရသည်။

ညောင်ရေသွန်းလောင်းပွဲ အား မဟာမြတ်မုနိ(ခေါ်)စန္ဒာမုနိ ဘုရားကွင်းစုရပ်မှ အင်းဝမြို့ဟံသာ ဝတီအုပ်စုအတွင်း လှည့်လည်ပွဲ ဖြင့်ကျင်းပရာ နှစ်စဉ်တောင်ပလူ၊ တောင်ဈေးကြီး၊ မြောက်ဈေးကြီး၊ ရပ်တန်း၊ ကိုင်းမား၊ ပြင်စည်တန်း၊ ယွန်းတန်း၊ ပွတ်တန်း၊ ဆေးရိုးကုန်း မုန့်တီစုရပ်ကွက်အသင်း ၁ဝ သင်း တို့မှ ဘုရားဝင်းအတွင်းရှိ မဟာ ဗောဓိညောင်ပင်၌ အဖွဲ့လိုက် ညောင်ရေသွန်းလောင်းကြမည် ဖြစ်သည်။


''ဒီနှစ်သွန်းလောင်းမယ့်ရပ် ကွက်အသင်းတွေက ရပ်တန်း၊ ယွန်း တန်း၊ ပွတ်တန်း၊ တောင်ပလူနှင့် ပျဉ်စီတန်းရပ်ကွက်အသင်းတွေပဲ ပါဝင်တာမို့ မနှစ်ကထက်ငါးသင်း လျော့နည်းသွားတယ်''ဟု ဟံသာ ဝတီအုပ်စု ဥက္ကဋ္ဌဦးတင်ဆွေက ပြောသည်။ ကဆုန်လပြည့်နေ့ညောင်ရေ သွန်းပွဲတော်တွင် အဆိုပါဘုရားဝင်း အတွင်း၌ နံနက် ၇ နာရီတွင်ဟံ သာဝတီတိုက်နယ်မှ အလှူရှင်များ က ပင့်သံဃာအပါး ၁၂ဝ တို့အား ဆွမ်းကြီးလောင်းလှူကြမည်ဖြစ် ကြောင်းသိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top