HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စစ်ကိုင်းမြို့မှ ထုတ်လုပ်သည့် ကလေးကစားစရာ စက္ကူရုပ်များ အရောင်းပိုမို တွင်ကျယ်လာ

စစ်ကိုင်းမြို့မှ ထုတ်လုပ်သည့်  ကလေးကစားစရာ စက္ကူရုပ်များ အရောင်းပိုမို တွင်ကျယ်လာ

စစ်ကိုင်း၊ မေ ၁၈

စစ်ကိုင်းမြို့ အနောက် ဘက်ရပ်ကွက်များတွင် မိရိုးဖလာဘိုးစဉ် ဘောင်ဆက် အသက်မွေးဝမ်းကျောင်း အဖြစ်လုပ်ကိုင်သည့် စက္ကူအရုပ်လုပ်ငန်း များရှိရာ ကလေးများအတွက်ပြုလုပ် သည့် စက္ကူအရုပ်များမှာ အရောင်းပိုမို တွင်ကျယ်လာသဖြင့် ယခုအခါကလေး ကစားစရာစက္ကူအရုပ်မျိုးစုံကို နေ့စဉ်ပြု လုပ်နေရကြောင်း သိရသည်။

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား အနောက်ဘက်ရှိ ကနားတော်၊ ညောင် ကုန်းအရှေ့ဘက်နှင့် ဂုံညင်းထောင်တို့ တွင် မိရိုးဖလာအသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်သည့် စက္ကူအရုပ် လုပ်ငန်းကြီးလုပ်ကိုင်သူ ခုနစ်ဦးရှိပြီး လုပ်ငန်းငယ်လုပ်ကိုင်သူနှင့် မိသားစုလုပ် ငန်းအဖြစ်လုပ်ကိုင်သူ ၁၅ ဦးခန့်ရှိကာ အဆိုပါလုပ်ငန်းများမှ ဇီးကွက်၊ ပစ်တိုင်း ထောင်နှင့် ဖိုးဝရုပ်အရွယ်စုံနှင့် ကလေး ကစားစရာစက္ကူအရုပ်များ တစ်နှစ်ပတ် လုံး ပြုလုပ်ရောင်းချကြသည်။

 

''အဘိုးအဘွားများလက်ထက်ကတည်း က ဒီလုပ်ငန်းလုပ်လာတာပါ။ အဖေ့အသက် အခု ၈၇ နှစ်ရှိပါပြီ။ တစ်နှစ်ပတ်လုံးလုပ် နေကြတာပါ။ ကဆုန်၊ နယုန်၊ နတ်တော် နဲ့ ပြာသိုလတွေမှာ အရုပ်တွေအရောင်း ပါးပေမယ့် အလုပ်မနားပါဘူး။ အရောင်း ပါးချိန်မှာ လှောင်ကုန်အဖြစ်ထားပြီးရောင်း ပါတယ်။ ဘုရားပွဲ၊ ကျောင်းပွဲများရှိချိန် လှောင်ကုန်အရုပ်တွေကုန်အောင် ရောင်း ရတာပါပဲ။ အဓိက မန္တလေးဘုရားကြီး စောင်းတန်းဈေးက ဖောက်သည်ဆိုင်များ နဲ့ ၁၂ ပွဲဈေးသည်တွေ အများဆုံးလာဝယ် ကြတာပါ''ဟု ဂုံညင်းထောင်ရပ်မှ စက္ကူ အရုပ်လုပ်ငန်းထူထောင်လုပ်ကိုင်နေသူ မသန်းမာက ပြောသည်။


ပြည်တွင်းဈေးကွက်တွင် တရုတ် နိုင်ငံမှ ဈေးနှုန်းချိုသာသည့် ကလေး ကစားစရာ ပလတ်စတစ်ပစ္စည်းမျိုးစုံဝင် ရောက်နေသော်လည်း စစ်ကိုင်းလုပ် ကလေးကစားစရာစက္ကူအရုပ်များမှာ ဈေးကွက်ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန် ထက် အရောင်းအဝယ်တွင်ကျယ်နေ ကြောင်း သိရသည်။

DW

#DEMOCRACYTODAY

Rate this item
(0 votes)
back to top